1. ငါးရက်လွန်သောအခါ ယဇ်ပုရောဟိတ်မင်းအာနနိသည် ရှေ့နေတေရတုလုမှစ၍ သက်ကြီးဝါကြီးအချို့တို့နှင့်အတူ ရောက်လာ၍ ဘုရင်ခံထံပေါလုကိုတရားစွဲဆိုကြ၏။
2. ပေါလုကိုခေါ်ထုတ်လာသောအခါ တေရတုလုသည် သူ့ကို စတင်စွပ်စွဲ၍ လျှောက်ထားသည်မှာ “မြတ်သောဖေလဇ်မင်း၊ အရှင့်အားဖြင့် အကျွန်ုပ်တို့သည် များစွာသောငြိမ်းချမ်းမှုကိုခံစားရလျက် အရှင်၏အမြော်အမြင်ကြောင့် ဤတိုင်းပြည်တွင် ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်နေပါသည်။
3. အကျွန်ုပ်တို့သည် ဤဆောင်ရွက်မှုများကို နေရာတိုင်း၌ အစဉ်အမြဲ အထူးကျေးဇူးတင်စွာဖြင့် ကြိုဆိုကြပါသည်။