31. ထိုအခါ စစ်သားများသည် သူတို့အား မှာကြားထားသည့်အတိုင်း ပေါလုကိုခေါ်၍ အန္တိပတရိမြို့အထိ ညတွင်းချင်း ပို့ဆောင်ကြ၏။
32. နောက်တစ်နေ့တွင် မြင်းတပ်သားတို့ကို ပေါလုနှင့်အတူခရီးဆက်သွားစေ၍ သူတို့သည် စခန်းသို့ပြန်လာကြ၏။
33. မြင်းတပ်သားတို့သည် ဆီဇာရီးယားမြို့သို့ရောက်လျှင် စာကို ဘုရင်ခံအားပေးအပ်ကာ ပေါလုကိုလည်း သူ့ထံသို့အပ်ကြ၏။
34. ဘုရင်ခံသည် စာကိုဖတ်ပြီးနောက် ပေါလုအား မည်သည့်ပြည်သားဖြစ်သနည်းဟုမေး၍ ဆီလီဆီးယားပြည်သားဖြစ်ကြောင်း ကြားသိလျှင်
35. “သင့်ကိုစွပ်စွဲသောသူများရောက်လာကြသောအခါ သင့်အမှုကို ငါကြားနာမည်”ဟု ဆိုလျက် ပေါလုကို ဟေရုဒ်မင်း၏ရုံးတော်တွင် စောင့်ကြပ်ထားရန် အမိန့်ပေးလေ၏။