တ​မန်​တော်​ဝတ္ထု 23:30-35 Myanmar Standard Bible (MSB)

30. သို့​သော် သူ့​ကို​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​ကြ​သည်​ဟု သ​တင်း​ရ​သ​ဖြင့် အ​ကျွန်ုပ်​သည် အ​ရှင့်​ထံ​သို့ သူ့​ကို ချက်​ချင်း​စေ​လွှတ်​လိုက်​ပါ​သည်။ စွပ်​စွဲ​သော​သူ​တို့​အား​လည်း သူ့​အ​ပေါ်​စွပ်​စွဲ​ချက်​များ​ကို အ​ရှင့်​ထံ တင်​ပြ​လျှောက်​ထား​ကြ​ရန် ညွှန်​ကြား​ထား​ပါ​သည်။”

31. ထို​အ​ခါ စစ်​သား​များ​သည် သူ​တို့​အား မှာ​ကြား​ထား​သည့်​အ​တိုင်း ပေါ​လု​ကို​ခေါ်​၍ အန္တိ​ပ​တ​ရိ​မြို့​အ​ထိ ည​တွင်း​ချင်း ပို့​ဆောင်​ကြ​၏။

32. နောက်​တစ်​နေ့​တွင် မြင်း​တပ်​သား​တို့​ကို ပေါ​လု​နှင့်​အ​တူ​ခ​ရီး​ဆက်​သွား​စေ​၍ သူ​တို့​သည် စ​ခန်း​သို့​ပြန်​လာ​ကြ​၏။

33. မြင်း​တပ်​သား​တို့​သည် ဆီ​ဇာ​ရီး​ယား​မြို့​သို့​ရောက်​လျှင် စာ​ကို ဘု​ရင်​ခံ​အား​ပေး​အပ်​ကာ ပေါ​လု​ကို​လည်း သူ့​ထံ​သို့​အပ်​ကြ​၏။

34. ဘု​ရင်​ခံ​သည် စာ​ကို​ဖတ်​ပြီး​နောက် ပေါ​လု​အား မည်​သည့်​ပြည်​သား​ဖြစ်​သ​နည်း​ဟု​မေး​၍ ဆီ​လီ​ဆီး​ယား​ပြည်​သား​ဖြစ်​ကြောင်း ကြား​သိ​လျှင်

35. “သင့်​ကို​စွပ်​စွဲ​သော​သူ​များ​ရောက်​လာ​ကြ​သော​အ​ခါ သင့်​အ​မှု​ကို ငါ​ကြား​နာ​မည်”​ဟု ဆို​လျက် ပေါ​လု​ကို ဟေ​ရုဒ်​မင်း​၏​ရုံး​တော်​တွင် စောင့်​ကြပ်​ထား​ရန် အ​မိန့်​ပေး​လေ​၏။

တ​မန်​တော်​ဝတ္ထု 23