တ​မန်​တော်​ဝတ္ထု 22:7-11 Myanmar Standard Bible (MSB)

7. ထို​အ​ခါ အ​ကျွန်ုပ်​သည် မြေ​ပေါ်​သို့​လဲ​ကျ​သွား​ရာ ‘ရှော​လု၊ ရှော​လု၊ သင်​သည် အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​သ​နည်း’​ဟု အ​ကျွန်ုပ်​အား​ပြော​သော​အ​သံ​ကို ကြား​ရ​ပါ​သည်။

8. အ​ကျွန်ုပ်​က ‘သ​ခင်၊ ကိုယ်​တော်​သည် မည်​သူ​ဖြစ်​ပါ​သ​နည်း’​ဟု မေး​လျှင် ‘ငါ​သည် သင်​ညှဉ်း​ဆဲ​သော နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ်​၏’​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​ခဲ့​ပါ​သည်။

9. အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​နေ​သော​သူ​တို့​သည် အ​လင်း​ကို​မြင်​ကြ​သော်​လည်း​အ​ကျွန်ုပ်​အား​ပြော​သော​အ​သံ​ကို မ​ကြား​ရ​ကြ​ပါ။

10. အ​ကျွန်ုပ်​က​လည်း ‘သ​ခင်၊ အ​ကျွန်ုပ်​သည် မည်​သို့​ပြု​ရ​မည်​နည်း’​ဟု လျှောက်​လျှင် သ​ခင်​ဘု​ရား​က ‘ထ​၍ ဒ​မတ်​စ​ကပ်​မြို့​သို့​သွား​လော့။ ထို​မြို့​၌ သင်​ဆောင်​ရွက်​ရန် စီ​မံ​ထား​သော​အ​ရာ​ရှိ​သ​မျှ​ကို သင့်​အား ပြော​ပြ​လိမ့်​မည်’​ဟု မိန့်​တော်​မူ​ခဲ့​ပါ​သည်။

11. အ​ကျွန်ုပ်​သည် ထို​အ​လင်း​၏​ရောင်​ခြည်​အ​ရှိန်​ကြောင့် မျက်​စိ​မ​မြင်​တော့​သ​ဖြင့် အ​တူ​ရှိ​နေ​သော​သူ​တို့​က အ​ကျွန်ုပ်​ကို​လက်​ဆွဲ​၍ ဒ​မတ်​စ​ကပ်​မြို့​သို့ ခေါ်​ဆောင်​သွား​ကြ​ပါ​သည်။

တ​မန်​တော်​ဝတ္ထု 22