တ​မန်​တော်​ဝတ္ထု 21:7-14 Myanmar Standard Bible (MSB)

7. ထို့​နောက် ပ​တော​လင်​မြို့​သို့​ရောက်​၍ တိုင်​ရာ​မြို့​မှ ငါ​တို့​ထွက်​လာ​သည့် ပင်​လယ်​ခ​ရီး​ပြီး​ဆုံး​လေ​၏။ ငါ​တို့​သည် ထို​မြို့​၌​ရှိ​သော​ညီ​အစ်​ကို​များ​ကို​နှုတ်​ဆက်​၍ သူ​တို့​နှင့်​အ​တူ တစ်​ရက်​နေ​ကြ​၏။

8. နောက်​တစ်​နေ့​တွင် ထွက်​ခွာ​၍ ဆီ​ဇာ​ရီး​ယား​မြို့​သို့​ရောက်​ပြီး​လျှင် ရွေး​ကောက်​ခံ​ရ​သူ​ခု​နစ်​ဦး​ထဲ​မှ တစ်​ဦး​ဖြစ်​သည့်​ကောင်း​မြတ်​သော​သ​တင်း​ဟော​ပြော​သူ ဖိ​လိပ္ပု​၏​အိမ်​သို့​ဝင်​၍ သူ့​ထံ​၌​တည်း​ခို​ကြ​၏။

9. ထို​သူ​၌ ပ​ရော​ဖက်​ပြု​ဟော​ပြော​သည့် အ​ပျို​က​ညာ​သ​မီး​လေး​ယောက်​ရှိ​၏။

10. ရက်​အ​တန်​ကြာ​နေ​ပြီး​သော​အ​ခါ အာ​ဂ​ဗု​အ​မည်​ရှိ​သော ပ​ရော​ဖက်​တစ်​ဦး​သည် ယု​ဒ​ပြည်​မှ​ဆင်း​လာ​၏။

11. ထို​သူ​သည် ငါ​တို့​ထံ​လာ​၍ ပေါ​လု​၏​ခါး​ပန်း​ကို​ယူ​ပြီး​လျှင် မိ​မိ​၏​ခြေ​နှင့်​လက်​တို့​ကို ချည်​နှောင်​ကာ “ဂျူး​လူ​မျိုး​တို့​သည် ဤ​ခါး​ပန်း​ပိုင်​ရှင်​ကို ဂျေ​ရု​ဆ​လင်​မြို့​တွင် ဤ​ကဲ့​သို့​ချည်​နှောင်​၍ လူ​မျိုး​ခြား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​မိန့်​တော်​မူ​၏”​ဟု ဆို​လေ​၏။

12. ထို​စ​ကား​ကို​ကြား​လျှင် ငါ​တို့​နှင့်​ဒေ​သ​ခံ​တို့​သည် ပေါ​လု​အား ဂျေ​ရု​ဆ​လင်​မြို့​သို့​တက်​မ​သွား​ရန် တောင်း​ပန်​ကြ​၏။

13. ထို​အ​ခါ ပေါ​လု​က “သင်​တို့​သည် ငို​ကြွေး​လျက် ငါ​၏​စိတ်​နှ​လုံး​ကို​ကြေ​ကွဲ​စေ​လျက် မည်​သည့်​အ​ရာ​ကို ပြု​ကြ​သ​နည်း။ ငါ​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အ​တွက် ဂျေ​ရု​ဆ​လင်​မြို့​၌ ချည်​နှောင်​ခြင်း​ခံ​ရ​ရန်​သာ​မ​က အ​သေ​ခံ​ရန်​ပင် အ​သင့်​ရှိ​သည်”​ဟု ပြန်​ပြော​၏။

14. ငါ​တို့​သည် သူ့​ကို​ဖျောင်း​ဖျ​၍​မ​ရ​သ​ဖြင့် “သ​ခင်​ဘု​ရား​၏​အ​လို​တော်​အ​တိုင်း​ဖြစ်​ပါ​စေ”​ဟု ဆို​လျက် တိတ်​ဆိတ်​သွား​ကြ​၏။

တ​မန်​တော်​ဝတ္ထု 21