31. လူတို့သည် ပေါလုကိုသတ်ရန် ကြိုးစားနေကြစဉ် ဂျေရုဆလင်တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ဟူသောသတင်းသည် တပ်ဖွဲ့တစ်ဖွဲ့၏တပ်မှူးကြီးထံ ရောက်လေ၏။
32. သူသည် ချက်ချင်းပင် စစ်သားများနှင့်တပ်မှူးတို့ကိုခေါ်၍ သူတို့ထံသို့ ပြေးဆင်းလာ၏။ လူတို့သည် တပ်မှူးကြီးနှင့်စစ်သားတို့ကိုမြင်လျှင် ပေါလုကိုရိုက်နှက်နေခြင်းမှ ရပ်တန့်ကြ၏။
33. ထိုအခါ တပ်မှူးကြီးသည် အနီးသို့ရောက်လာ၍ ပေါလုကိုဖမ်းဆီးကာ သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ထားရန် အမိန့်ပေးပြီးလျှင် ပေါလုသည် မည်သူဖြစ်ကြောင်းနှင့် မည်သည့်အမှုပြုခဲ့ကြောင်းကို မေးမြန်းလေ၏။
34. သို့သော် လူထုပရိသတ်ထဲမှ တစ်ယောက်တစ်မျိုးအော်ဟစ်နေကြ၍ ရုန်းရင်းဆန်ခတ်ဖြစ်နေသောကြောင့် တပ်မှူးသည် အဖြစ်မှန်ကိုမသိနိုင်သဖြင့် ပေါလုကို စခန်းထဲသို့ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။
35. ပေါလုသည် လှေကားနားသို့ရောက်သောအခါ လူတို့၏အကြမ်းဖက်မှုကြောင့် စစ်သားများသည် သူ့ကို ချီမ၍ခေါ်သွားရကြ၏။
36. အကြောင်းမူကား များစွာသောလူတို့သည် နောက်မှလိုက်လာ၍ “သူ့ကိုသုတ်သင်လိုက်ပါ”ဟု အော်ဟစ်နေကြ၏။
37. သူ့ကို စခန်းထဲသို့ခေါ်ဆောင်သွားမည်ပြုစဉ်တွင် ပေါလုသည် တပ်မှူးကြီးအား “သင်နှင့်အနည်းငယ် အကျွန်ုပ်စကားပြောခွင့်ရမည်လော”ဟု ဆို၏။ တပ်မှူးကြီးကလည်း “သင်သည် ဂရိစကားကိုပြောတတ်သလော။