တ​မန်​တော်​ဝတ္ထု 20:5-11 Myanmar Standard Bible (MSB)

5. သူ​တို့​သည် ဦး​စွာ​သွား​နှင့်​ပြီး တ​ရော​မြို့​တွင် ငါ​တို့​ကို​စောင့်​နေ​ကြ​၏။

6. တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​နေ့​များ​လွန်​သော​အ​ခါ ငါ​တို့​သည် ဖိ​လိပ္ပိ​မြို့​မှ ရွက်​လွှင့်​၍ ငါး​ရက်​အ​တွင်း တ​ရော​မြို့​၌​ရှိ​သော​ထို​သူ​တို့​ထံ​သို့ ရောက်​ပြီး​လျှင် ထို​မြို့​တွင် ခု​နစ်​ရက်​နေ​ကြ​၏။

7. ရက်​သတ္တ​ပတ်​၏​ပ​ထ​မ​နေ့​တွင် ငါ​တို့​သည် မုန့်​ကို​ဖဲ့​ရန် စု​ဝေး​ကြ​၏။ ပေါ​လု​သည် သူ​တို့​နှင့်​ဆွေး​နွေး​ပြော​ဆို​လျက်​နေ​၏။ သူ​သည် နောက်​တစ်​နေ့​တွင် ထွက်​ခွာ​ရန်​ကြံ​ရွယ်​ထား​သည်​ဖြစ်​၍ သန်း​ခေါင်​အ​ချိန်​တိုင်​အောင် တ​ရား​စ​ကား​ကို ဆက်​၍​ဟော​ပြော​လေ​၏။

8. ငါ​တို့​စု​ဝေး​ရာ​အ​ထက်​ခန်း​တွင် မီး​ခွက်​အ​မြောက်​အ​များ​ထွန်း​ထား​၏။

9. ဥ​တု​ခု​အ​မည်​ရှိ​သော လူ​ငယ်​တစ်​ဦး​သည် ပြ​တင်း​ပေါက်​အ​ပေါ်​၌​ထိုင်​၍ အ​လွန်​အ​မင်း​အိပ်​ငိုက်​နေ​၏။ ပေါ​လု​သည် ကြာ​မြင့်​စွာ​ဆွေး​နွေး​ပြော​ဆို​သော​အ​ခါ သူ​သည် အိပ်​မော​ကျ​၍ တ​တိ​ယ​ထပ်​မှ အောက်​သို့ ပြုတ်​ကျ​သွား​လေ​၏။ သူ့​ကို​ပွေ့​ချီ​လိုက်​သော​အ​ခါ သေ​ဆုံး​နေ​သည်​ကို တွေ့​ကြ​၏။

10. ထို​အ​ခါ ပေါ​လု​သည် ဆင်း​လာ​၍ သူ့​အ​ပေါ် မိ​မိ​ကိုယ်​ကို​လှဲ​၍ ဖက်​ထား​ပြီး​လျှင် “ရုတ်​ရုတ်​သဲ​သဲ​မ​ဖြစ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သူ့​အ​သက်​သည် သူ​၌​ရှိ​၏”​ဟု ဆို​လေ​၏။

11. ထို့​နောက် အ​ပေါ်​သို့​ပြန်​တက်​ပြီး​လျှင် မုန့်​ကို​ဖဲ့​၍ စား​သုံး​ကာ မိုး​လင်း​သည်​အ​ထိ ကြာ​မြင့်​စွာ​ပြော​ဆို​ပြီး​မှ ထွက်​ခွာ​သွား​လေ​၏။

တ​မန်​တော်​ဝတ္ထု 20