23. သို့သော် အချုပ်အနှောင်နှင့် ဆင်းရဲဒုက္ခများသည် ငါ့ကိုစောင့်နေကြောင်း သန့်ရှင်းသောဝိညာဉ်တော်က မြို့တိုင်း၌ ငါ့အားသက်သေခံတော်မူသည်ကို ငါသိ၏။
24. သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။
25. ယခုမူကား နိုင်ငံတော်အကြောင်းကို သင်တို့အားလုံးအလယ်၌ လှည့်လည်ဟောပြောခဲ့သောငါ၏မျက်နှာကို သင်တို့မြင်ရတော့မည်မဟုတ်ကြောင်း ငါသိ၏။
26. သို့ဖြစ်၍ ငါသည် အားလုံး၏သွေးနှင့်ကင်းရှင်းကြောင်း ယနေ့ပင် သင်တို့အား ငါသက်သေခံ၏။
27. အကြောင်းမူကား ငါသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဘုရားသခင်၏အကြံအစည်တော်ကို သင်တို့အား အကုန်အစင်ဖော်ပြခဲ့ပြီ။
28. သင်တို့သည် မိမိတို့ကိုယ်ကိုလည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ဂရုစိုက်ကြလော့။ ကိုယ်တော်၏သွေးတော်နှင့်ဝယ်ယူထားသော ဘုရားသခင်၏အသင်းတော်ကို သင်တို့အုပ်ထိန်းစေရန် ထိုသိုးစုကိုကြီးကြပ်သူအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကိုခန့်အပ်ထားတော်မူ၏။
29. ငါထွက်ခွာသွားသည့်နောက် ကြမ်းကြုတ်သောဝံပုလွေများသည် သင်တို့အထဲသို့ဝင်လာ၍ သိုးစုကို ညှာတာလိမ့်မည်မဟုတ်ကြောင်း ငါသိ၏။
30. သင်တို့အထဲမှလည်း တပည့်တော်များကို မိမိတို့ဘက်သို့ဆွဲခေါ်ရန် ဖောက်ပြန်လမ်းလွဲသောအရာများကို ပြောဆိုသောသူအချို့တို့ ပေါ်လာကြလိမ့်မည်။