တ​မန်​တော်​ဝတ္ထု 20:22-38 Myanmar Standard Bible (MSB)

22. ယ​ခု ငါ​သည် ဝိ​ညာဉ်​တော်​၏​နှောင်​ဖွဲ့​ခြင်း​ကို​ခံ​ရ​၍ ဂျေ​ရု​ဆ​လင်​မြို့​သို့ သွား​နေ​ခြင်း​ဖြစ်​၏။ ထို​မြို့​တွင် မည်​သည့်​အ​ရာ​နှင့်​ငါ​ကြုံ​တွေ့​ရ​မည်​ကို ငါ​မ​သိ။

23. သို့​သော် အ​ချုပ်​အ​နှောင်​နှင့် ဆင်း​ရဲ​ဒုက္ခ​များ​သည် ငါ့​ကို​စောင့်​နေ​ကြောင်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က မြို့​တိုင်း​၌ ငါ့​အား​သက်​သေ​ခံ​တော်​မူ​သည်​ကို ငါ​သိ​၏။

24. သို့​ရာ​တွင် ငါ​သည် မိ​မိ​ပြေး​ရ​မည့်​တာ​ကို အ​ဆုံး​တိုင်​အောင်​ပြေး​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို​သက်​သေ​ခံ​ရန် သ​ခင်​ယေ​ရှု​ထံ​မှ ငါ​ရ​ရှိ​သော​အ​မှု​တော်​လုပ်​ငန်း​ကို ပြီး​မြောက်​စေ​နိုင်​ရန်​အ​တွက်​ဆို​လျှင် ငါ့​အ​သက်​ကို​ပင် ငါ​ပ​ဓာ​န​မ​ထား​ပေ။

25. ယ​ခု​မူ​ကား နိုင်​ငံ​တော်​အ​ကြောင်း​ကို သင်​တို့​အား​လုံး​အ​လယ်​၌ လှည့်​လည်​ဟော​ပြော​ခဲ့​သော​ငါ​၏​မျက်​နှာ​ကို သင်​တို့​မြင်​ရ​တော့​မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။

26. သို့​ဖြစ်​၍ ငါ​သည် အား​လုံး​၏​သွေး​နှင့်​ကင်း​ရှင်း​ကြောင်း ယ​နေ့​ပင် သင်​တို့​အား ငါ​သက်​သေ​ခံ​၏။

27. အ​ကြောင်း​မူ​ကား ငါ​သည် တွန့်​ဆုတ်​ခြင်း​မ​ရှိ​ဘဲ ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည်​တော်​ကို သင်​တို့​အား အ​ကုန်​အ​စင်​ဖော်​ပြ​ခဲ့​ပြီ။

28. သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​လည်း​ကောင်း၊ သိုး​စု​အား​လုံး​ကို​လည်း​ကောင်း ဂ​ရု​စိုက်​ကြ​လော့။ ကိုယ်​တော်​၏​သွေး​တော်​နှင့်​ဝယ်​ယူ​ထား​သော ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို သင်​တို့​အုပ်​ထိန်း​စေ​ရန် ထို​သိုး​စု​ကို​ကြီး​ကြပ်​သူ​အ​ဖြစ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​ကို​ခန့်​အပ်​ထား​တော်​မူ​၏။

29. ငါ​ထွက်​ခွာ​သွား​သည့်​နောက် ကြမ်း​ကြုတ်​သော​ဝံ​ပု​လွေ​များ​သည် သင်​တို့​အ​ထဲ​သို့​ဝင်​လာ​၍ သိုး​စု​ကို ညှာ​တာ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။

30. သင်​တို့​အ​ထဲ​မှ​လည်း တ​ပည့်​တော်​များ​ကို မိ​မိ​တို့​ဘက်​သို့​ဆွဲ​ခေါ်​ရန် ဖောက်​ပြန်​လမ်း​လွဲ​သော​အ​ရာ​များ​ကို ပြော​ဆို​သော​သူ​အ​ချို့​တို့ ပေါ်​လာ​ကြ​လိမ့်​မည်။

31. ထို့​ကြောင့် ငါ​သည် သင်​တို့​တစ်​ဦး​စီ​ကို သုံး​နှစ်​ပတ်​လုံး နေ့​ည​မ​ပြတ် မျက်​ရည်​ဖြင့် သ​တိ​ပေး​ဆုံး​မ​ခဲ့​သည်​ကို အောက်​မေ့​လျက် သ​တိ​ဝီ​ရိ​ယ​ရှိ​ကြ​လော့။

32. ယ​ခု သင်​တို့​ကို ဘု​ရား​သ​ခင်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​နှင့်​ဆိုင်​သော နှုတ်​က​ပတ်​တော်​၌​လည်း​ကောင်း ငါ​အပ်​နှံ​၏။ နှုတ်​က​ပတ်​တော်​သည် သင်​တို့​ကို တည်​ဆောက်​မြှင့်​တင်​လျက် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​သော​သူ​အ​ပေါင်း​တို့​နှင့်​အ​တူ အ​မွေ​တော်​ကို​ရ​ရှိ​စေ​နိုင်​စွမ်း​ရှိ​၏။

33. ငါ​သည် မည်​သူ​၏​ရွှေ၊ ငွေ၊ အ​ဝတ်​တန်​ဆာ​ကို​မျှ တပ်​မက်​ခြင်း​မ​ရှိ​ခဲ့​ပေ။

34. ငါ​သည် ဤ​လက်​များ​ဖြင့် ငါ​မှ​စ​၍ ငါ​နှင့်​အ​တူ​ရှိ​သော​သူ​တို့​၏​လို​အပ်​ချက်​များ​အ​တွက် လုပ်​ဆောင်​ခဲ့​ကြောင်း သင်​တို့​ကိုယ်​တိုင်​သိ​ကြ​၏။

35. ထို​သို့​ကြိုး​စား​လုပ်​ဆောင်​၍ အား​နည်း​သော​သူ​တို့​ကို ကူ​ညီ​မ​စ​သင့်​ကြောင်း​နှင့် ‘ပေး​ကမ်း​ခြင်း​သည် ရ​ယူ​ခြင်း​ထက် သာ​၍​မင်္ဂ​လာ​ရှိ​သည်’​ဟု သ​ခင်​ယေ​ရှု​ကိုယ်​တော်​တိုင် မိန့်​တော်​မူ​သည့်​စ​ကား​ကို သ​တိ​ရ​သင့်​ကြောင်း အ​ရာ​ရာ​၌ သင်​တို့​အား ငါ​ပြ​သ​၏”​ဟု ဆို​လေ​၏။

36. ပေါ​လု​သည် ဤ​သို့​ဆို​ပြီး​နောက် ဒူး​ထောက်​လျက် ထို​သူ​အ​ပေါင်း​တို့​နှင့်​အ​တူ ဆု​တောင်း​လေ​၏။

37. သူ​တို့​အား​လုံး​သည် အ​လွန်​ငို​ကြွေး​လျက် ပေါ​လု​ကို​ဖက်​၍ နမ်း​ကြ​၏။

38. အ​ထူး​သ​ဖြင့် သူ​၏​မျက်​နှာ​ကို မြင်​တွေ့​ရ​တော့​မည်​မ​ဟုတ်​ဟု ပေါ​လု​ပြော​သည့်​စ​ကား​ကြောင့် သူ​တို့​သည် ဝမ်း​နည်း​ကြေ​ကွဲ​ကြ​၏။ ထို့​နောက် သူ့​ကို သင်္ဘော​ဆီ​သို့ လိုက်​ပို့​ကြ​၏။

တ​မန်​တော်​ဝတ္ထု 20