30. ပေါလုသည် လူစုလူဝေးထဲသို့ဝင်လိုသော်လည်း တပည့်တော်တို့သည် သူ့ကိုတားမြစ်ကြ၏။
31. ပေါလု၏မိတ်ဆွေများဖြစ်ကြသော အာရှပြည်အကြီးအကဲအချို့တို့ကလည်း သူ့ထံလူလွှတ်၍ ဇာတ်ရုံထဲသို့ အရဲစွန့်လျက်မဝင်သွားရန် တောင်းပန်ကြ၏။
32. လူအစုအဝေးသည် ရုန်းရင်းဆန်ခတ်ဖြစ်၍ တစ်ယောက်တစ်မျိုးစီအော်ဟစ်နေကြ၏။ လူအများစုသည် မိမိတို့အဘယ်ကြောင့်စုဝေးလာကြသည်ကိုပင် မသိကြချေ ။