တ​မန်​တော်​ဝတ္ထု 19:26-31 Myanmar Standard Bible (MSB)

26. သို့​သော် သင်​တို့​မြင်​ရ၊ ကြား​ရ​သည့်​အ​တိုင်း ဤ​ပေါ​လု​ဆို​သူ​က လူ့​လက်​ဖြင့်​လုပ်​သော​အ​ရာ​များ​သည် ဘု​ရား​မ​ဟုတ်​ဟု​ဆို​လျက် ဧ​ဖက်​မြို့​သာ​မ​က​အာ​ရှ​ပြည်​တစ်​ပြည်​လုံး​နီး​ပါး​၌ များ​စွာ​သော​လူ​တို့​ကို စည်း​ရုံး​ပြီး လမ်း​လွဲ​စေ​ခဲ့​၏။

27. ဤ​အ​မှု​အ​ရာ​သည် ငါ​တို့​၏​လုပ်​ငန်း​ကို နာ​မည်​ပျက်​စေ​မည်​ဟု စိုး​ရိမ်​ရ​သည်​သာ​မ​က ကြီး​မြတ်​သော​အာ​တေ​မိ​နတ်​ဘု​ရား​မ​၏​ဗိ​မာန်​သည် ပ​မာ​ဏ​ပြု​စ​ရာ​မ​ရှိ​တော့​ဘဲ အာ​ရှ​ပြည်​နှင့် ကမ္ဘာ​တစ်​ဝန်း​လုံး​ကိုး​ကွယ်​သည့် နတ်​ဘု​ရား​မ​၏​ခန့်​ညား​ထည်​ဝါ​မှု​သည်​လည်း ကွယ်​ပျောက်​သွား​တော့​မည်​ဟု စိုး​ရိမ်​ရ​၏”​ဟု ပြော​ဆို​လေ​၏။

28. သူ​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင် ပြင်း​စွာ​ဒေါ​သ​ထွက်​၍ “ဧ​ဖက်​မြို့​သား​တို့​၏​အာ​တေ​မိ​သည် ကြီး​မြတ်​ပေ​၏”​ဟု အော်​ဟစ်​ကြ​၏။

29. ထို​အ​ခါ တစ်​မြို့​လုံး ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​လေ​၏။ လူ​တို့​သည် ပေါ​လု​နှင့်​အ​တူ​လိုက်​ပါ​သည့် မာ​ကေ​ဒေါ​နိ​ပြည်​သား ဂါ​ယု​နှင့်​အာ​ရိတ္တာ​ခု​တို့​ကို ဖမ်း​ဆီး​ပြီး ဇာတ်​ရုံ​ထဲ​သို့ တစ်​ဟုန်​ထိုး​ပြေး​ဝင်​သွား​ကြ​၏။

30. ပေါ​လု​သည် လူ​စု​လူ​ဝေး​ထဲ​သို့​ဝင်​လို​သော်​လည်း တ​ပည့်​တော်​တို့​သည် သူ့​ကို​တား​မြစ်​ကြ​၏။

31. ပေါ​လု​၏​မိတ်​ဆွေ​များ​ဖြစ်​ကြ​သော အာ​ရှ​ပြည်​အ​ကြီး​အ​ကဲ​အ​ချို့​တို့​က​လည်း သူ့​ထံ​လူ​လွှတ်​၍ ဇာတ်​ရုံ​ထဲ​သို့ အ​ရဲ​စွန့်​လျက်​မ​ဝင်​သွား​ရန် တောင်း​ပန်​ကြ​၏။

တ​မန်​တော်​ဝတ္ထု 19