14. ထိုသို့ပြုသောသူများမှာ ဂျူးလူမျိုးယဇ်ပုရောဟိတ်မင်း သကေဝ၏သားခုနစ်ယောက်တို့ဖြစ်ကြ၏။
15. သို့ရာတွင် နတ်ဆိုးက “ယေရှုကို ငါသိ၏။ ပေါလုကိုလည်း ငါသိ၏။ သင်တို့မူကား မည်သူဖြစ်ကြသနည်း”ဟု သူတို့အား ဆိုပြီးလျှင်
16. ထိုနတ်ဆိုးပူးသူသည် သူတို့အပေါ်သို့ခုန်တက်ကာ သူတို့အားလုံးကိုနှိမ်နင်း၍ အနိုင်ယူသောကြောင့် သူတို့သည် ထိုအိမ်မှ အဝတ်မပါဘဲ ဒဏ်ရာများနှင့်ထွက်ပြေးရကြ၏။
17. ဧဖက်မြို့၌နေထိုင်ကြသော ဂျူးလူမျိုးနှင့်ဂရိလူမျိုးအပေါင်းတို့သည် ထိုအကြောင်းကို ကြားသိသောအခါ သူတို့အားလုံးကြောက်ရွံ့လျက် သခင်ယေရှု၏နာမတော်ကို ချီးမွမ်းကြ၏။
18. ယုံကြည်သူ များစွာတို့သည်လည်း လာ၍ မိမိတို့ပြုမိသောအရာများကို ထုတ်ဖော်ဝန်ခံကြ၏။
19. မှော်အတတ်ကိုသုံးခဲ့သူများစွာတို့သည်လည်း ၎င်းနှင့်ပတ်သက်သောစာအုပ်များကို စုစည်းယူဆောင်လာ၍ အားလုံးတို့ရှေ့၌ မီးရှို့ကြ၏။ ထိုစာအုပ်များ၏တန်ဖိုးကို တွက်ချက်ကြရာ ငွေဒင်္ဂါးငါးသောင်းဖိုးရှိကြောင်း တွေ့ရှိကြ၏။
20. ဤသို့ဖြင့် သခင်ဘုရား၏နှုတ်ကပတ်တရားသည် တန်ခိုးအရှိန်အဝါဖြင့်ကြီးထွားလျက် ဩဇာလွှမ်းလေ၏။