တ​မန်​တော်​ဝတ္ထု 19:10-19 Myanmar Standard Bible (MSB)

10. နှစ်​နှစ်​ပတ်​လုံး ထို​သို့​ပြု​သော​ကြောင့် ဂျူး​လူ​မျိုး​ဖြစ်​စေ၊ ဂ​ရိ​လူ​မျိုး​ဖြစ်​စေ၊ အာ​ရှ​ပြည်​၌​နေ​ထိုင်​သော​သူ​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို ကြား​နာ​ကြ​ရ​၏။

11. ဘု​ရား​သ​ခင်​သည် ပေါ​လု​၏​လက်​ဖြင့် အ​လွန်​ထူး​ခြား​သော​တန်​ခိုး​လက္ခ​ဏာ​များ​ကို ပြု​တော်​မူ​၏။

12. သူ့​ကိုယ်​ပေါ်​မှ ပ​ဝါ သို့​မ​ဟုတ် ခါး​စည်း​အ​ဝတ်​ကို​ယူ​သွား​၍ နာ​မ​ကျန်း​ဖြစ်​သူ​များ​အ​ပေါ်​တင်​လျှင် သူ​တို့​၏​ရော​ဂါ​များ​ပျောက်​ကင်း​၍ နတ်​ဆိုး​များ​လည်း ထွက်​သွား​ကြ​၏။

13. ထို​အ​ခါ လှည့်​လည်​နေ​ကြ​သော ဂျူး​လူ​မျိုး​ပ​ယော​ဂ​ဆ​ရာ​အ​ချို့​တို့​သည် နတ်​ဆိုး​ပူး​သူ​များ​အ​ပေါ် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို တိုင်​တည်​ခေါ်​ဆို​ရန် ကြံ​စည်​အား​ထုတ်​လျက် “ပေါ​လု​ဟော​ပြော​သော​ယေ​ရှု​အား​ဖြင့် သင်​တို့​ကို အ​လေး​အ​နက်​ငါ​အ​မိန့်​ပေး​၏”​ဟု ဆို​ကြ​၏။

14. ထို​သို့​ပြု​သော​သူ​များ​မှာ ဂျူး​လူ​မျိုး​ယဇ်​ပု​ရော​ဟိတ်​မင်း သ​ကေ​ဝ​၏​သား​ခု​နစ်​ယောက်​တို့​ဖြစ်​ကြ​၏။

15. သို့​ရာ​တွင် နတ်​ဆိုး​က “ယေ​ရှု​ကို ငါ​သိ​၏။ ပေါ​လု​ကို​လည်း ငါ​သိ​၏။ သင်​တို့​မူ​ကား မည်​သူ​ဖြစ်​ကြ​သ​နည်း”​ဟု သူ​တို့​အား ဆို​ပြီး​လျှင်

16. ထို​နတ်​ဆိုး​ပူး​သူ​သည် သူ​တို့​အ​ပေါ်​သို့​ခုန်​တက်​ကာ သူ​တို့​အား​လုံး​ကို​နှိမ်​နင်း​၍ အ​နိုင်​ယူ​သော​ကြောင့် သူ​တို့​သည် ထို​အိမ်​မှ အ​ဝတ်​မ​ပါ​ဘဲ ဒဏ်​ရာ​များ​နှင့်​ထွက်​ပြေး​ရ​ကြ​၏။

17. ဧ​ဖက်​မြို့​၌​နေ​ထိုင်​ကြ​သော ဂျူး​လူ​မျိုး​နှင့်​ဂ​ရိ​လူ​မျိုး​အ​ပေါင်း​တို့​သည် ထို​အ​ကြောင်း​ကို ကြား​သိ​သော​အ​ခါ သူ​တို့​အား​လုံး​ကြောက်​ရွံ့​လျက် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​၏။

18. ယုံ​ကြည်​သူ များ​စွာ​တို့​သည်​လည်း လာ​၍ မိ​မိ​တို့​ပြု​မိ​သော​အ​ရာ​များ​ကို ထုတ်​ဖော်​ဝန်​ခံ​ကြ​၏။

19. မှော်​အ​တတ်​ကို​သုံး​ခဲ့​သူ​များ​စွာ​တို့​သည်​လည်း ၎င်း​နှင့်​ပတ်​သက်​သော​စာ​အုပ်​များ​ကို စု​စည်း​ယူ​ဆောင်​လာ​၍ အား​လုံး​တို့​ရှေ့​၌ မီး​ရှို့​ကြ​၏။ ထို​စာ​အုပ်​များ​၏​တန်​ဖိုး​ကို တွက်​ချက်​ကြ​ရာ ငွေဒင်္ဂါး​ငါး​သောင်း​ဖိုး​ရှိ​ကြောင်း တွေ့​ရှိ​ကြ​၏။

တ​မန်​တော်​ဝတ္ထု 19