တ​မန်​တော်​ဝတ္ထု 18:6-22 Myanmar Standard Bible (MSB)

6. သို့​သော် ဂျူး​လူ​မျိုး​တို့​သည် သူ့​ကို​ဆန့်​ကျင်​၍ စော်​ကား​ပြော​ဆို​ကြ​သော​အ​ခါ သူ​သည် အ​ဝတ်​ကို​ခါ​ချ​လျက် “သင်​တို့​၏​သွေး​သည် သင်​တို့​ခေါင်း​ပေါ်​၌​တည်​စေ။ ငါ​မူ​ကား ၎င်း​နှင့်​ကင်း​ရှင်း​၏။ ယ​ခု​မှ​စ​၍ ငါ​သည် လူ​မျိုး​ခြား​တို့​ထံ​သွား​မည်”​ဟု ဆို​ပြီး​လျှင်

7. ထို​နေ​ရာ​မှ ထွက်​ခွာ​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော တိ​တု​ယု​စ​တု​အ​မည်​ရှိ​သော​သူ​၏​အိမ်​သို့ သွား​လေ​၏။ သူ​၏​အိမ်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​နှင့်​ကပ်​လျက်​ရှိ​၏။

8. ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​က​ရိပ္ပု​သည် မိ​မိ​အိမ်​သူ​အိမ်​သား​အား​လုံး​တို့​နှင့်​အ​တူ သ​ခင်​ဘု​ရား​ကို​ယုံ​ကြည်​လေ​၏။ အ​ခြား​ကော​ရိန္သု​မြို့​သား​အ​မြောက်​အ​မြား​တို့​သည်​လည်း ကြား​နာ​၍ ယုံ​ကြည်​ကာ ဗတ္တိ​ဇံ​ခံ​ကြ​၏။

9. တစ်​ည​တွင် သ​ခင်​ဘု​ရား​သည် ရူ​ပါ​ရုံ​အား​ဖြင့် ပေါ​လု​အား “မ​ကြောက်​နှင့်။ တိတ်​ဆိတ်​စွာ​မ​နေ​ဘဲ ဟော​ပြော​လော့။

10. အ​ကြောင်း​မူ​ကား ငါ​သည် သင်​နှင့်​အ​တူ​ရှိ​၏။ မည်​သူ​မျှ သင့်​ကို မ​တ​ရား​နှိပ်​စက်​၍ ထိ​ခိုက်​စေ​မည်​မ​ဟုတ်။ ဤ​မြို့​တွင် ငါ​နှင့်​ဆိုင်​သော​လူ များ​စွာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

11. သို့​ဖြစ်​၍ ပေါ​လု​သည် ထို​မြို့​၌ တစ်​နှစ်​နှင့်​ခြောက်​လ​နေ​ထိုင်​လျက် သူ​တို့​အ​လယ်​တွင် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို သွန်​သင်​လေ​၏။

12. သို့​သော် ဂါ​လျုန်​သည် အ​ခါ​ယ​ပြည်​၏​အုပ်​ချုပ်​ရေး​မှူး​ဖြစ်​စဉ် ဂျူး​လူ​မျိုး​တို့​သည် ပေါ​လု​ကို တ​ညီ​တ​ညွတ်​တည်း​ဆန့်​ကျင်​၍ သူ့​ကို တ​ရား​ခွင်​သို့ ခေါ်​ဆောင်​သွား​ပြီး​လျှင်

13. “ဤ​သူ​သည် ပ​ညတ်​တ​ရား​နှင့်​ဆန့်​ကျင်​လျက် ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​ကြ​ရန် လူ​တို့​ကို​စည်း​ရုံး​နေ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

14. ပေါ​လု​သည်​လည်း နှုတ်​ကို​ဖွင့်​၍​ပြော​ဆို​မည်​ပြု​စဉ် ဂါ​လျုန်​က ဂျူး​လူ​မျိုး​တို့​အား “အို ဂျူး​အ​မျိုး​သား​တို့၊ ဤ​အ​မှု​သည် မ​တ​ရား​မှု​သို့​မ​ဟုတ် ဆိုး​ညစ်​သော​ပြစ်​မှု တစ်​စုံ​တစ်​ရာ​ဖြစ်​လျှင် ငါ​သည် သင်​တို့​အ​တွက် သည်း​ခံ​သင့်​ပါ​သည်။

15. သို့​သော် ၎င်း​သည် သင်​တို့​၏​ပ​ညတ်​တ​ရား၊ စ​ကား၊ အ​မည်​နာ​မ​များ​နှင့်​ပတ်​သက်​သည့် ပြဿ​နာ​များ​ဖြစ်​သည်​ဆို​လျှင် သင်​တို့​ကိုယ်​တိုင် ကြည့်​ရှု​ဖြေ​ရှင်း​ရ​မည်။ ငါ​သည် ထို​အ​မှု​မျိုး​ကို​တ​ရား​စီ​ရင်​သူ မ​ဖြစ်​လို”​ဟု ဆို​လျက်

16. သူ​တို့​ကို တ​ရား​ခွင်​မှ နှင်​ထုတ်​လေ​၏။

17. ထို​အ​ခါ လူ​အ​ပေါင်း​တို့​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​သုဿင်​ကို ဖမ်း​ဆီး​၍ တ​ရား​ခွင်​ရှေ့​၌ ရိုက်​နှက်​ကြ​၏။ သို့​ရာ​တွင် ဂါ​လျုန်​သည် ထို​အ​မှု​များ​ကို ဂ​ရု​မ​စိုက်​ဘဲ​နေ​၏။

18. ထို့​နောက် ပေါ​လု​သည် ရက်​ပေါင်း​များ​စွာ​ဆက်​၍​နေ​ပြီး​မှ ညီ​အစ်​ကို​များ​ကို​နှုတ်​ဆက်​ကာ ဆီး​ရီး​ယား​ပြည်​သို့ ရွက်​လွှင့်​သွား​လေ​၏။ ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​တို့​သည်​လည်း သူ​နှင့်​အ​တူ​လိုက်​ပါ​ကြ​၏။ ပေါ​လု​သည် အ​ဓိဋ္ဌာန်​ပြု​ထား​သည်​ဖြစ်​၍ ရွက်​မ​လွှင့်​မီ ကင်​ခြေ​မြို့​တွင် မိ​မိ​ဦး​ခေါင်း​ကို​ရိတ်​လေ​၏။

19. သူ​တို့​သည် ဧ​ဖက်​မြို့​သို့​ရောက်​ကြ​သော​အ​ခါ ပေါ​လု​သည် အ​ခြား​သော​သူ​တို့​ကို ထို​နေ​ရာ​၌​ထား​ခဲ့​ပြီး ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​၍ ဂျူး​လူ​မျိုး​တို့​နှင့် ဆွေး​နွေး​ပြော​ဆို​လေ​၏။

20. လူ​တို့​သည် သူ့​အား​ပို​၍​ကြာ​မြင့်​စွာ​နေ​ထိုင်​ရန် တောင်း​ပန်​ကြ​သော်​လည်း သူ​သည် မ​လိုက်​လျော​ဘဲ

21. “ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင် သင်​တို့​ထံ​သို့ နောက်​တစ်​ဖန် ငါ​ပြန်​လာ​ဦး​မည်”​ဟု ဆို​လျက် သူ​တို့​အား နှုတ်​ဆက်​ပြီး​လျှင် ဧ​ဖက်​မြို့​မှ ရွက်​လွှင့်​သွား​လေ​၏။

22. ဆီ​ဇာ​ရီး​ယား​မြို့​သို့​ရောက်​လျှင် ဂျေ​ရု​ဆ​လင်​မြို့​သို့ တက်​သွား​၍ အ​သင်း​တော်​ကို​နှုတ်​ဆက်​ပြီး​မှ အန္တိ​အုတ်​မြို့​သို့ ဆင်း​သွား​လေ​၏။

တ​မန်​တော်​ဝတ္ထု 18