တ​မန်​တော်​ဝတ္ထု 18:21-24 Myanmar Standard Bible (MSB)

21. “ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင် သင်​တို့​ထံ​သို့ နောက်​တစ်​ဖန် ငါ​ပြန်​လာ​ဦး​မည်”​ဟု ဆို​လျက် သူ​တို့​အား နှုတ်​ဆက်​ပြီး​လျှင် ဧ​ဖက်​မြို့​မှ ရွက်​လွှင့်​သွား​လေ​၏။

22. ဆီ​ဇာ​ရီး​ယား​မြို့​သို့​ရောက်​လျှင် ဂျေ​ရု​ဆ​လင်​မြို့​သို့ တက်​သွား​၍ အ​သင်း​တော်​ကို​နှုတ်​ဆက်​ပြီး​မှ အန္တိ​အုတ်​မြို့​သို့ ဆင်း​သွား​လေ​၏။

23. သူ​သည် ထို​နေ​ရာ​၌ အ​ချိန်​အ​တန်​ကြာ​နေ​ပြီး​နောက် ပြန်​လည်​ထွက်​ခွာ​၍ ဂ​လာ​တိ​ပြည်​နှင့်​ဖြူ​ဂိ​ပြည်​တို့​ကို အ​စဉ်​လိုက်​လှည့်​လည်​ကာ တ​ပည့်​တော်​အား​လုံး​တို့​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​၏။

24. ထို​စဉ် အာ​ပေါ​လု​အ​မည်​ရှိ​သော အ​လက်​ဇန္ဒြိ​ယ​မြို့​သား ဂျူး​လူ​မျိုး​တစ်​ဦး​သည် ဧ​ဖက်​မြို့​သို့​ရောက်​လာ​၏။ သူ​သည် နှုတ်​ရေး​ကောင်း​၍ ကျမ်း​စာ​ကို​လည်း တတ်​ကျွမ်း​သူ​ဖြစ်​၏။

တ​မန်​တော်​ဝတ္ထု 18