တ​မန်​တော်​ဝတ္ထု 17:9-14 Myanmar Standard Bible (MSB)

9. ယာ​သုန်​နှင့် အ​ခြား​ညီ​အစ်​ကို​တို့​ထံ​မှ အာ​မ​ခံ​ငွေ​ကို​ယူ​ပြီး​လျှင် သူ​တို့​ကို ပြန်​လွှတ်​ကြ​၏။

10. ညီ​အစ်​ကို​တို့​သည် ပေါ​လု​နှင့်​သိ​လ​တို့​ကို ည​တွင်း​ချင်း​ပင် ဗေ​ရိ​မြို့​သို့ စေ​လွှတ်​လိုက်​ကြ​၏။ သူ​တို့​သည် ထို​မြို့​သို့​ရောက်​ကြ​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့ သွား​ကြ​၏။

11. ဗေ​ရိ​မြို့​သား​တို့​သည် သက်​သာ​လော​နိတ်​မြို့​၌​ရှိ​သော​သူ​တို့​ထက် စိတ်​ထား​မြင့်​မြတ်​ကြ​၏။ အ​ကြောင်း​မှာ သူ​တို့​သည် နှုတ်​က​ပတ်​တ​ရား​ကို စေ​တ​နာ​စိတ်​အ​ပြည့်​အ​ဝ​ဖြင့် လက်​ခံ​၍ ထို​အ​တိုင်း​ဟုတ်​မ​ဟုတ် ကျမ်း​စာ​ကို နေ့​စဉ်​လေ့​လာ​ကြ​၏။

12. ထို့​ကြောင့် များ​စွာ​သော​သူ​တို့​သည် ယုံ​ကြည်​ကြ​၏။ ထို​သူ​တို့​တွင် ဂုဏ်​သ​ရေ​ရှိ​သော​ဂ​ရိ​အ​မျိုး​သ​မီး​များ​နှင့်​အ​မျိုး​သား​များ​လည်း မ​နည်း​လှ​ပေ။

13. သို့​သော် ပေါ​လု​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို ဗေ​ရိ​မြို့​တွင်​လည်း ဟော​ပြော​နေ​ကြောင်း သက်​သာ​လော​နိတ်​မြို့​မှ ဂျူး​လူ​မျိုး​တို့ ကြား​သိ​ကြ​သော​အ​ခါ ထို​အ​ရပ်​သို့​လိုက်​လာ​၍ လူ​ထု​ပ​ရိ​သတ်​များ​ကို​လှုံ့​ဆော်​ကာ မ​ငြိမ်​မ​သက်​ဖြစ်​စေ​ကြ​၏။

14. ထို​အ​ခါ ညီ​အစ်​ကို​တို့​သည် ပေါ​လု​ကို ချက်​ချင်း​ပို့​ဆောင်​လျက် ပင်​လယ်​ကမ်း​ခြေ​အ​ထိ​သွား​စေ​ကြ​၏။ သိ​လ​နှင့်​တိ​မော​သေ​တို့​မူ​ကား ထို​မြို့​၌​နေ​ရစ်​ကြ​၏။

တ​မန်​တော်​ဝတ္ထု 17