ထောင်မှူးသည် ထိုညတွင်းချင်းပင် သူတို့ကိုခေါ်ဆောင်သွား၍ ဒဏ်ရာများကို ဆေးကြောပေး၏။ ထို့နောက် သူနှင့် သူ၏အိမ်သူအိမ်သားအားလုံးတို့သည် ချက်ချင်းဗတ္တိဇံခံကြ၏။