တ​မန်​တော်​ဝတ္ထု 15:34-37 Myanmar Standard Bible (MSB)

34. [သို့​သော် သိ​လ​သည် ထို​နေ​ရာ​၌​နေ​ရစ်​ရန် ဆုံး​ဖြတ်​လေ​၏။]

35. ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​လည်း အန္တိ​အုတ်​မြို့​၌​နေ​လျက် အ​ခြား​သော​သူ​များ​စွာ​တို့​နှင့်​အ​တူ သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို ဟော​ပြော​၍​သွန်​သင်​ကြ​၏။

36. ရက်​ပေါင်း​အ​တန်​ကြာ​သော​အ​ခါ ပေါ​လု​သည် ဗာ​န​ဗ​အား “သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို ငါ​တို့​ဟော​ပြော​ခဲ့​သော​မြို့​တိုင်း​ရှိ ညီ​အစ်​ကို​တို့​ထံ​သို့ ပြန်​သွား​၍ သူ​တို့​မည်​သို့​ရှိ​နေ​ကြ​သည်​ကို ကြည့်​ရှု​ကြ​ကုန်​စို့”​ဟု ဆို​၏။

37. ဗာ​န​ဗ​သည် မာ​ကု​ဟု​ခေါ်​သော​ယော​ဟန်​ကို​လည်း မိ​မိ​နှင့်​အ​တူ​ခေါ်​ဆောင်​သွား​လို​၏။

တ​မန်​တော်​ဝတ္ထု 15