တ​မန်​တော်​ဝတ္ထု 13:16-22 Myanmar Standard Bible (MSB)

16. ထို​အ​ခါ ပေါ​လု​သည်​ထ​၍ လက်​ရိပ်​ပြ​လျက် “အစ္စ​ရေး​အ​မျိုး​သား​တို့​နှင့် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​တို့၊ နား​ထောင်​ကြ​ပါ။

17. အစ္စ​ရေး​လူ​မျိုး​၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘိုး​ဘေး​များ​ကို ရွေး​ကောက်​တော်​မူ​၍ အီ​ဂျစ်​ပြည်​၌ ဧည့်​သည်​အ​ဖြစ်​နေ​ထိုင်​စဉ် ဤ​လူ​မျိုး​တော်​ကို ချီး​မြှောက်​တော်​မူ​၏။ ထို့​နောက် အား​ကြီး​သော​လက်​ရုံး​တော်​အား​ဖြင့် သူ​တို့​ကို ထို​တိုင်း​ပြည်​မှ ထုတ်​ဆောင်​တော်​မူ​ပြီး

18. အ​နှစ်​လေး​ဆယ်​ခန့်​မျှ​သော​ကာ​လ​ပတ်​လုံး တော​ကန္တာ​ရ​တွင် သူ​တို့​ကို သည်း​ခံ​တော်​မူ​၏။

19. ထို့​နောက် ခါ​နာန်​ပြည်​ရှိ​လူ​မျိုး​ခု​နစ်​မျိုး​တို့​ကို ဖျက်​ဆီး​၍ သူ​တို့​၏​တိုင်း​ပြည်​ကို လူ​မျိုး​တော်​အား အ​မွေ​အ​ဖြစ်​ခွဲ​ဝေ​ပေး​တော်​မူ​၏။

20. ဤ​အ​ရာ​တို့​သည် နှစ်​ပေါင်း​လေး​ရာ​ငါး​ဆယ်​ခန့်​ကြာ​၏။ ထို့​နောက် ပ​ရော​ဖက်​ရှ​မွေ​လ​ခေတ်​တိုင်​အောင် သူ​တို့​အား တ​ရား​သူ​ကြီး​များ​ကို ပေး​တော်​မူ​၏။

21. ထို​မှ​တစ်​ဖန် သူ​တို့​သည် ဘု​ရင်​ကို​တောင်း​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​သည် ဗင်္ယာ​မိန်​အ​နွယ်​မှ ကိ​ရှ​၏​သား​ရှော​လု​ကို အ​နှစ်​လေး​ဆယ်​တိုင်​တိုင် သူ​တို့​အား ပေး​တော်​မူ​၏။

22. ရှော​လု​ကို​ဖယ်​ရှား​ပြီး​နောက် ဒါ​ဝိဒ်​အား သူ​တို့​၏​ဘု​ရင်​အ​ဖြစ် ချီး​မြှောက်​တော်​မူ​လျက် သူ​နှင့်​ပတ်​သက်​၍ သက်​သေ​ခံ​သည်​ကား ‘ငါ​၏​စိတ်​နှင့်​တွေ့​သူ၊ ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​ကို ငါ​တွေ့​ပြီ။ သူ​သည် ငါ​၏​အ​လို​ရှိ​သ​မျှ​ကို ဆောင်​ရွက်​လိမ့်​မည်’​ဟု မိန့်​တော်​မူ​၏။

တ​မန်​တော်​ဝတ္ထု 13