တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:1-3 Myanmar Standard Bible (MSB)

1. သို့​ဖြစ်​၍ လူ​အ​ပေါင်း​တို့​အ​တွက်​လည်း​ကောင်း၊ ရှင်​ဘု​ရင်​များ​နှင့် အ​ထက်​အာ​ဏာ​ပိုင်​အား​လုံး​တို့​အ​တွက်​လည်း​ကောင်း အ​သ​နား​ခံ​ခြင်း၊ ဆု​တောင်း​ခြင်း၊ ကြား​ခံ​တောင်း​လျှောက်​ခြင်း​နှင့် ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​တို့​ကို​ပြု​ရန် ပ​ထ​မ​ဦး​စွာ ငါ​တိုက်​တွန်း​နှိုး​ဆော်​ပါ​၏။

2. ဤ​သည်​ကား ငါ​တို့​သည် ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​နှင့်​တည်​ကြည်​လေး​နက်​ခြင်း​အ​ပြည့်​အ​ဝ​ရှိ​လျက် အေး​ချမ်း​တည်​ငြိမ်​စွာ​အ​သက်​ရှင်​နေ​ထိုင်​နိုင်​ရန်​ဖြစ်​၏။

3. ထို​သို့​ပြု​ခြင်း​သည် ကောင်း​မြတ်​၍ ငါ​တို့​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ နှစ်​သက်​လက်​ခံ​ဖွယ်​ဖြစ်​၏။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2