တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:9-11 Myanmar Standard Bible (MSB)

9. တစ်​နည်း​အား​ဖြင့် ပ​ညတ်​တ​ရား​သည် ဖြောင့်​မတ်​သော​သူ​အ​တွက်​ရှိ​သည်​မ​ဟုတ်​ဘဲ တ​ရား​မဲ့​သော​သူ​များ​နှင့်​နာ​ခံ​မှု​မ​ရှိ​သော​သူ​များ၊ ဘု​ရား​တ​ရား​မဲ့​သော​သူ​များ​နှင့်​အ​ပြစ်​သား​များ၊ မ​သန့်​ရှင်း​သော​သူ​များ​နှင့်​ဘု​ရား​တ​ရား​ကို​မ​ထီ​မဲ့​မြင်​ပြု​သော​သူ​များ၊ ဖ​ခင်​ကို​သတ်​သော​သူ​များ​နှင့်​မိ​ခင်​ကို​သတ်​သော​သူ​များ၊ လူ​သတ်​သ​မား​များ၊

10. တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သူ​များ၊ လိင်​တူ​ဆက်​ဆံ​သူ​များ၊ လူ​ကုန်​ကူး​သူ​များ၊ လိမ်​လည်​သော​သူ​များ၊ မ​မှန်​မ​ကန်​သက်​သေ​ထွက်​ဆို​သော​သူ​များ​နှင့် မှန်​ကန်​ပြည့်​စုံ​သော​ဩ​ဝါ​ဒ​ကို​ဆန့်​ကျင်​သည့် အ​ခြား​အ​ရာ​အား​လုံး​တို့​အ​တွက်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။

11. ဤ​သည်​ကား မင်္ဂ​လာ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သည့် ကောင်း​မြတ်​သော​သ​တင်း​နှင့် ကိုက်​ညီ​၏။ ထို​ကောင်း​မြတ်​သော​သ​တင်း​ကို ငါ့​အား​ယုံ​ကြည်​အပ်​နှံ​ထား​တော်​မူ​ပြီ။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1