6. လူအချို့တို့သည် ထိုအရာများမှလွဲချော်၍ အကျိုးမဲ့သောစကားပြောဆိုခြင်းဘက်သို့ လှည့်သွားကြပြီ။
7. သူတို့သည် မိမိတို့ပြောဆိုသောအရာများနှင့် မိမိတို့အခိုင်အမာခံယူထားသောအရာများကိုပင် နားမလည်ဘဲ ကျမ်းတတ်ဆရာများဖြစ်လိုကြ၏။
8. သို့သော် ပညတ်တရားကို စည်းမျဉ်းစည်းကမ်းနှင့်အညီအသုံးပြုလျှင် ၎င်းသည် ကောင်းမြတ်ကြောင်း ငါတို့သိကြ၏။
9. တစ်နည်းအားဖြင့် ပညတ်တရားသည် ဖြောင့်မတ်သောသူအတွက်ရှိသည်မဟုတ်ဘဲ တရားမဲ့သောသူများနှင့်နာခံမှုမရှိသောသူများ၊ ဘုရားတရားမဲ့သောသူများနှင့်အပြစ်သားများ၊ မသန့်ရှင်းသောသူများနှင့်ဘုရားတရားကိုမထီမဲ့မြင်ပြုသောသူများ၊ ဖခင်ကိုသတ်သောသူများနှင့်မိခင်ကိုသတ်သောသူများ၊ လူသတ်သမားများ၊