တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 4:7-15 Myanmar Standard Bible (MSB)

7. ငါ​သည် ကောင်း​သော​တိုက်​ပွဲ​ကို တိုက်​ခဲ့​ပြီ။ ပြေး​ရ​မည့်​တာ​ကို အ​ဆုံး​တိုင်​အောင်​ပြေး​ခဲ့​ပြီ။ ယုံ​ကြည်​ခြင်း​ကို စောင့်​ထိန်း​ခဲ့​ပြီ။

8. ယ​ခု​အ​ခါ​တွင် ဖြောင့်​မတ်​ခြင်း​သ​ရ​ဖူ​သည် ငါ့​အ​တွက် အ​သင့်​ရှိ​နေ​၏။ ထို​နေ့​၌ ဖြောင့်​မတ်​သည့်​တ​ရား​စီ​ရင်​သူ​ဖြစ်​တော်​မူ​သော သ​ခင်​ဘု​ရား​သည် ထို​သ​ရ​ဖူ​ကို ငါ့​အား​ပေး​တော်​မူ​လိမ့်​မည်။ ငါ့​ကို​သာ​မ​ဟုတ်​ဘဲ ကိုယ်​တော်​၏​ပေါ်​ထွန်း​တော်​မူ​ခြင်း​ကို လို​လား​တောင့်​တ​သူ​အား​လုံး​တို့​ကို​လည်း ပေး​တော်​မူ​လိမ့်​မည်။

9. ငါ့​ထံ​သို့​အ​လျင်​အ​မြန်​လာ​ရန် ကြိုး​စား​လော့။

10. အ​ကြောင်း​မူ​ကား ဒေ​မ​သည် ယ​ခု​ဘ​ဝ​ကို​ချစ်​၍ ငါ့​ကို​စွန့်​ပစ်​ကာ သက်​သာ​လော​နိတ်​မြို့​သို့ သွား​လေ​ပြီ။ က​ရက္ကေ​သည် ဂ​လာ​တိ​ပြည်​သို့​လည်း​ကောင်း၊ တိ​တု​သည် ဒါ​လ​မာ​တိ​ပြည်​သို့​လည်း​ကောင်း သွား​ကြ​ပြီ။

11. လု​ကာ​တစ်​ဦး​တည်း​သာ ငါ​နှင့်​အ​တူ​ရှိ​၏။ မာ​ကု​ကို သင်​နှင့်​အ​တူ​ခေါ်​ဆောင်​လာ​ခဲ့​လော့။ အ​ကြောင်း​မူ​ကား သူ​သည် ငါ့​အ​တွက် အ​မှု​တော်​လုပ်​ငန်း​၌ အ​သုံး​ဝင်​သူ​ဖြစ်​၏။

12. တု​ခိတ်​ကို​မူ​ကား ဧ​ဖက်​မြို့​သို့ ငါ​စေ​လွှတ်​လိုက်​၏။

13. သင်​လာ​သော​အ​ခါ တ​ရော​မြို့​တွင် ကာ​ပု​ထံ​၌ ငါ​ထား​ခဲ့​သည့် ဝတ်​လုံ​နှင့်​တ​ကွ စာ​လိပ်​များ အ​ထူး​သ​ဖြင့် သား​ရေ​ပု​ရ​ပိုက်​များ​ကို ယူ​ခဲ့​လော့။

14. ကြေး​ပန်း​တိမ်​ဆ​ရာ အ​လက်​ဇန္ဒြား​သည် ငါ့​ကို​အ​လွန်​ဒုက္ခ​ပေး​ခဲ့​၏။ သ​ခင်​ဘု​ရား​သည် သူ​ပြု​သော​အ​မှု​အ​တိုင်း သူ့​အား​ပေး​ဆပ်​တော်​မူ​လိမ့်​မည်။

15. သင်​သည်​လည်း သူ့​ကို​သ​တိ​ပြု​လော့။ အ​ကြောင်း​မူ​ကား သူ​သည် ငါ​တို့​၏​စ​ကား​ကို ပြင်း​ထန်​စွာ​ဆန့်​ကျင်​၏။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 4