တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 4:3-9 Myanmar Standard Bible (MSB)

3. အ​ကြောင်း​မူ​ကား လူ​တို့​သည် မှန်​ကန်​ပြည့်​စုံ​သော​ဩ​ဝါ​ဒ​ကို သည်း​ခံ​နာ​ယူ​နိုင်​ခြင်း​မ​ရှိ​သ​ဖြင့် မိ​မိ​တို့​တပ်​မက်​ခြင်း​အ​တိုင်း နား​ခံ​သာ​သော​အ​ရာ​ကို​ဟော​ပြော​သည့်​ဆ​ရာ​များ​ကို​စု​ရုံး​စေ​ကာ

4. သမ္မာ​တ​ရား​ကို​နား​မ​ထောင်​ဘဲ ဒဏ္ဍာ​ရီ​များ​ဘက်​သို့​လှည့်​သွား​ကြ​မည့်​အ​ချိန်​အ​ခါ​ရောက်​လာ​လိမ့်​မည်။

5. သင်​မူ​ကား အ​ရာ​ရာ​၌ သမ္မာ​သ​တိ​ရှိ​လော့။ ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​၍ ကောင်း​မြတ်​သော​သ​တင်း​ဟော​ပြော​သူ​ပြု​ရ​မည့်​အ​မှု​ကို ပြု​လော့။ သင်​၏​အ​မှု​တော်​လုပ်​ငန်း​ကို အ​ပြည့်​အ​ဝ​ဆောင်​ရွက်​လော့။

6. အ​ကြောင်း​မူ​ကား ငါ​သည် သွန်း​လောင်း​ပူ​ဇော်​ခြင်း​ကို​ခံ​နေ​ရ​ပြီ။ ဤ​ဘ​ဝ​ကို ငါ​စွန့်​ခွာ​ရ​မည့်​အ​ချိန်​ရောက်​လေ​ပြီ။

7. ငါ​သည် ကောင်း​သော​တိုက်​ပွဲ​ကို တိုက်​ခဲ့​ပြီ။ ပြေး​ရ​မည့်​တာ​ကို အ​ဆုံး​တိုင်​အောင်​ပြေး​ခဲ့​ပြီ။ ယုံ​ကြည်​ခြင်း​ကို စောင့်​ထိန်း​ခဲ့​ပြီ။

8. ယ​ခု​အ​ခါ​တွင် ဖြောင့်​မတ်​ခြင်း​သ​ရ​ဖူ​သည် ငါ့​အ​တွက် အ​သင့်​ရှိ​နေ​၏။ ထို​နေ့​၌ ဖြောင့်​မတ်​သည့်​တ​ရား​စီ​ရင်​သူ​ဖြစ်​တော်​မူ​သော သ​ခင်​ဘု​ရား​သည် ထို​သ​ရ​ဖူ​ကို ငါ့​အား​ပေး​တော်​မူ​လိမ့်​မည်။ ငါ့​ကို​သာ​မ​ဟုတ်​ဘဲ ကိုယ်​တော်​၏​ပေါ်​ထွန်း​တော်​မူ​ခြင်း​ကို လို​လား​တောင့်​တ​သူ​အား​လုံး​တို့​ကို​လည်း ပေး​တော်​မူ​လိမ့်​မည်။

9. ငါ့​ထံ​သို့​အ​လျင်​အ​မြန်​လာ​ရန် ကြိုး​စား​လော့။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 4