တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3:7-13 Myanmar Standard Bible (MSB)

7. ထို​မိန်း​မ​တို့​သည် အ​မြဲ​သင်​ယူ​နေ​ကြ​သော်​လည်း မည်​သည့်​အ​ခါ​မျှ သမ္မာ​တ​ရား​ကို​သိ​ရှိ​ခြင်း​သို့ မ​ရောက်​နိုင်​ကြ။

8. ယန္နေ​နှင့်​ယံ​ဗြေ​တို့​သည် မော​ရှေ​ကို​ဆန့်​ကျင်​ခဲ့​သည့်​နည်း​တူ ထို​သူ​တို့​သည်​လည်း သမ္မာ​တ​ရား​ကို​ဆန့်​ကျင်​ကြ​၏။ သူ​တို့​သည် စိတ်​နှ​လုံး​ပျက်​စီး​ယို​ယွင်း​လျက် ယုံ​ကြည်​ခြင်း​အ​ရာ​၌ ကျ​ရှုံး​သော​သူ​များ​ဖြစ်​ကြ​၏။

9. သူ​တို့​သည် နောက်​ထပ်​တိုး​၍ တက်​လှမ်း​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား သူ​တို့​၏​မိုက်​မဲ​မှု​သည် ထို​သူ​နှစ်​ဦး​တို့​၏​မိုက်​မဲ​မှု​ကဲ့​သို့ လူ​အ​ပေါင်း​တို့​ရှေ့​၌ ပေါ်​လွင်​ထင်​ရှား​လာ​လိမ့်​မည်။

10. သို့​သော် သင်​သည် ငါ​၏​သွန်​သင်​ချက်၊ အ​သက်​ရှင်​နေ​ထိုင်​မှု၊ အ​ကြံ​အ​စည်၊ ယုံ​ကြည်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ချစ်​ခြင်း​နှင့် သည်း​ခံ​ခြင်း​တို့​၌​လည်း​ကောင်း၊

11. အန္တိ​အုတ်​မြို့၊ ဣ​ကော​နိ​မြို့​နှင့် လုတ္တ​ရ​မြို့​တို့​တွင် ငါ့​အ​ပေါ်​ကျ​ရောက်​ခဲ့​သည့် ညှဉ်း​ဆဲ​ခြင်း​နှင့်​ဒုက္ခ​ဝေ​ဒ​နာ​တို့​၌​လည်း​ကောင်း ထက်​ကြပ်​မ​ကွာ​ပါ​ရှိ​ခဲ့​၏။ ထို​ကဲ့​သို့​သော ညှဉ်း​ဆဲ​ခြင်း​များ​ကို ငါ​ခံ​ရ​သော်​လည်း သ​ခင်​ဘု​ရား​သည် ထို​အ​ရာ​အ​လုံး​စုံ​တို့​မှ ငါ့​ကို​ကယ်​နုတ်​တော်​မူ​၏။

12. အ​မှန်​စင်​စစ် ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ဘု​ရား​ဝတ်​၌​မွေ့​လျော်​စွာ​အ​သက်​ရှင်​ရန် အ​လို​ရှိ​သော​သူ​အား​လုံး​တို့​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

13. ဆိုး​ညစ်​သော​သူ​များ​နှင့် လိမ်​လည်​လှည့်​ဖြား​သော​သူ​တို့​သည် သူ​တစ်​ပါး​ကို​လှည့်​ဖြား​လျက် လှည့်​ဖြား​ခြင်း​ကို​လည်း​ခံ​ရ​လျက် ပို​၍​ဆိုး​ရွား​သော​အ​ဖြစ်​သို့ ကျ​ဆင်း​သွား​ကြ​လိမ့်​မည်။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3