တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:15-18 Myanmar Standard Bible (MSB)

15. သင်​သိ​ထား​သည့်​အ​တိုင်း အာ​ရှ​ပြည်​၌​ရှိ​သော​သူ​အား​လုံး​တို့​သည် ငါ့​ကို​စွန့်​ပယ်​ကြ​ပြီ။ ထို​သူ​တို့​တွင် ဖု​ဂေ​လု​နှင့်​ဟေ​ရ​မော​ဂင်​တို့​လည်း​ပါ​၏။

16. သ​ခင်​ဘု​ရား​သည် ဩ​နေ​သိ​ဖော်​၏​မိ​သား​စု​အ​ပေါ် က​ရု​ဏာ​သက်​တော်​မူ​ပါ​စေ​သော။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည် ငါ့​ကို အ​ကြိမ်​ကြိမ်​နှစ်​သိမ့်​လန်း​ဆန်း​စေ​ပြီး သံ​ကြိုး​ဖြင့် ငါ​ချည်​နှောင်​ထား​ခြင်း​ခံ​ရ​သည်​ကို ရှက်​ကြောက်​ခြင်း​မ​ရှိ​ဘဲ

17. ရော​မ​မြို့​သို့ သူ​ရောက်​စဉ်​က ငါ့​ကို​ကြိုး​စား​ပမ်း​စား​ရှာ​၍ ငါ​နှင့်​တွေ့​ခဲ့​၏။

18. ထို​နေ့​ရက်​၌ သ​ခင်​ဘု​ရား​ထံ​တော်​မှ က​ရု​ဏာ​တော်​ခံ​စား​ရ​သော​အ​ခွင့်​ကို သ​ခင်​ဘု​ရား​သည် သူ့​အား​ပေး​တော်​မူ​ပါ​စေ​သော။ ဧ​ဖက်​မြို့​၌​ရှိ​စဉ်​က​လည်း သူ​သည် ငါ့​ကို မည်​မျှ​လုပ်​ကျွေး​ပြု​စု​ခဲ့​သည်​ကို သင်​ကောင်း​စွာ​သိ​၏။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1