တိ​တု​ဩ​ဝါ​ဒ​စာ 1:12-16 Myanmar Standard Bible (MSB)

12. က​ရေ​တေ​ကျွန်း​သား​များ​ထဲ​မှ သူ​တို့​၏​အ​မျိုး​သား​ချင်း​ပ​ရော​ဖက်​တစ်​ဦး​က “က​ရေ​တေ​ကျွန်း​သား၊ လူ​လိမ်​များ၊ ဆိုး​သွမ်း​သား​ရဲ၊ စား​မြဲ​စား​သူ၊ ပျင်း​ရိ​လူ”​ဟု စပ်​ဆို​ထား​၏။

13-14. ဤ​သက်​သေ​ခံ​ချက်​သည်​မှန်​ပေ​၏။ ထို့​ကြောင့် ဂျူး​လူ​မျိုး​တို့​၏​ဒဏ္ဍာ​ရီ​များ​နှင့် သမ္မာ​တ​ရား​ကို​စွန့်​ပယ်​သော​သူ​တို့​၏​ပ​ညတ်​ချက်​များ​အ​ပေါ် အာ​ရုံ​မ​စိုက်​ဘဲ ယုံ​ကြည်​ခြင်း​အ​ရာ​၌ မှန်​ကန်​ပြည့်​စုံ​မှု​ရှိ​ကြ​ရန် သူ​တို့​ကို ပြင်း​ထန်​စွာ​ဆို​ဆုံး​မ​လော့။

15. စင်​ကြယ်​သော​သူ​တို့​အ​တွက် ခပ်​သိမ်း​သော​အ​ရာ​တို့​သည် စင်​ကြယ်​ကြ​၏။ သို့​သော် ညစ်​ညူး​၍ ယုံ​ကြည်​ခြင်း​မ​ရှိ​သော​သူ​တို့​အ​တွက်​မူ​ကား မည်​သည့်​အ​ရာ​မျှ မ​စင်​ကြယ်​သည်​သာ​မ​က သူ​တို့​၏​စိတ်​နှ​လုံး​နှင့်​အ​သိ​စိတ်​တို့​သည်​လည်း ညစ်​ညူး​ကြ​၏။

16. သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​သိ​သည်​ဟု ဝန်​ခံ​ကြ​သော်​လည်း သူ​တို့​ပြု​သော​အ​မှု​များ​အား​ဖြင့် ဘု​ရား​သ​ခင်​ကို​ငြင်း​ပယ်​၍ ရွံ​ရှာ​ဖွယ်​ကောင်း​သော​သူ၊ နာ​ခံ​ခြင်း​မ​ရှိ​သော​သူ၊ ကောင်း​သော​အ​မှု​ရှိ​သ​မျှ​နှင့်​မ​ထိုက်​တန်​သော​သူ​များ​ဖြစ်​ကြ​၏။

တိ​တု​ဩ​ဝါ​ဒ​စာ 1