တိ​တု​ဩ​ဝါ​ဒ​စာ 1:1-13-14 Myanmar Standard Bible (MSB)

1. ဘု​ရား​သ​ခင်​၏​အ​စေ​အ​ပါး​နှင့် ယေ​ရှု​ခ​ရစ်​တော်​၏​တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည် စာ​ရေး​လိုက်​ပါ​၏။ ငါ​သည် ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော​သူ​တို့​၏​ယုံ​ကြည်​ခြင်း​အ​တွက်​လည်း​ကောင်း၊ ထာ​ဝ​ရ​အ​သက်​ကို​မျှော်​လင့်​ခြင်း​အား​ဖြင့် ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​နှင့်​အ​ညီ သမ္မာ​တ​ရား​ကို​သိ​ရှိ​စေ​ရန်​အ​တွက်​လည်း​ကောင်း တ​မန်​တော်​ဖြစ်​လာ​၏။

10. အ​ကြောင်း​မူ​ကား နာ​ခံ​မှု​မ​ရှိ​သော​သူ၊ အ​ကျိုး​မဲ့​စ​ကား​ပြော​ဆို​သော​သူ​နှင့် လိမ်​လည်​သော​သူ များ​စွာ​ရှိ​ကြ​၏။ အ​ထူး​သ​ဖြင့် အ​ရေ​ဖျား​လှီး​ထား​သော​သူ​တို့​ထဲ​တွင်​ရှိ​ကြ​၏။

11. ထို​သူ​တို့​ကို နှုတ်​ဆိတ်​စေ​ရ​မည်။ သူ​တို့​သည် မ​စင်​ကြယ်​သော​အ​ကျိုး​စီး​ပွား​အ​တွက် မ​သွန်​သင်​အပ်​သော​အ​ရာ​များ​ကို​သွန်​သင်​လျက် မိ​သား​စု​များ​ကို အ​စု​လိုက်​ချွတ်​ချော်​လွဲ​မှား​စေ​ကြ​၏။

12. က​ရေ​တေ​ကျွန်း​သား​များ​ထဲ​မှ သူ​တို့​၏​အ​မျိုး​သား​ချင်း​ပ​ရော​ဖက်​တစ်​ဦး​က “က​ရေ​တေ​ကျွန်း​သား၊ လူ​လိမ်​များ၊ ဆိုး​သွမ်း​သား​ရဲ၊ စား​မြဲ​စား​သူ၊ ပျင်း​ရိ​လူ”​ဟု စပ်​ဆို​ထား​၏။

13-14. ဤ​သက်​သေ​ခံ​ချက်​သည်​မှန်​ပေ​၏။ ထို့​ကြောင့် ဂျူး​လူ​မျိုး​တို့​၏​ဒဏ္ဍာ​ရီ​များ​နှင့် သမ္မာ​တ​ရား​ကို​စွန့်​ပယ်​သော​သူ​တို့​၏​ပ​ညတ်​ချက်​များ​အ​ပေါ် အာ​ရုံ​မ​စိုက်​ဘဲ ယုံ​ကြည်​ခြင်း​အ​ရာ​၌ မှန်​ကန်​ပြည့်​စုံ​မှု​ရှိ​ကြ​ရန် သူ​တို့​ကို ပြင်း​ထန်​စွာ​ဆို​ဆုံး​မ​လော့။

တိ​တု​ဩ​ဝါ​ဒ​စာ 1