11. ငါသည် မည်မျှလောက်ကြီးသောစာလုံးကို ငါ့လက်ဖြင့် သင်တို့ထံ ရေးလိုက်သည်ကို ကြည့်ကြလော့။
12. ကိုယ်ကာယ၌ အမြင်ကောင်းအောင်ပြုလိုသောသူရှိသမျှတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကြောင့် ညှဉ်းဆဲခြင်းမခံလို၍သာ သင်တို့ကို အရေဖျားလှီးခြင်းခံရန် အတင်းအကျပ်စေခိုင်းကြခြင်းဖြစ်၏။
13. အကြောင်းမူကား အရေဖျားလှီးခြင်းကိုခံသောသူတို့သည်လည်း မိမိတို့ကိုယ်တိုင်ပညတ်တရားကိုစောင့်ထိန်းခြင်းမရှိကြပေ။ ထိုသူတို့သည် သင်တို့၏ကိုယ်ကာယ၌ ဝါကြွားနိုင်ရန် သင်တို့အား အရေဖျားလှီးခြင်းကိုခံစေလိုကြ၏။
14. ငါ့အတွက်မူကား ငါတို့သခင်ယေရှုခရစ်တော်၏လက်ဝါးကပ်တိုင်၌ ဝါကြွားခြင်းမှတစ်ပါး အခြားဝါကြွားစရာမရှိ။ ငါ့အနေဖြင့် လောကသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရ၍ လောကအနေဖြင့်လည်း ငါသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရလေပြီ။
15. အကြောင်းမူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ ပဓာနမဟုတ်။ အသစ်ဖန်ဆင်းခံရခြင်းသာ ပဓာနဖြစ်၏။