ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 4:7-14 Myanmar Standard Bible (MSB)

7. သို့​ဖြစ်​၍ သင်​သည် ကျွန်​မ​ဟုတ်​တော့​ဘဲ သား​ဖြစ်​၏။ သား​ဖြစ်​လျှင် ဘု​ရား​သ​ခင်​အား​ဖြင့် အ​မွေ​ခံ​လည်း​ဖြစ်​၏။

8. သို့​သော် ဘု​ရား​သ​ခင်​ကို​မ​သိ​ခဲ့​စဉ်​က သင်​တို့​သည် ပင်​ကို​အား​ဖြင့် ဘု​ရား​မ​ဟုတ်​သော​အ​ရာ​များ​ထံ ကျွန်​ခံ​ခဲ့​ကြ​၏။

9. ယ​ခု​မူ​ကား သင်​တို့​သည် ဘု​ရား​သ​ခင်​ကို​သိ​ကြ​၏။ တစ်​နည်း​ဆို​ရ​လျှင် ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​သိ​တော်​မူ​၏။ သို့​ဖြစ်​လျှင် အား​နည်း​၍ ချမ်း​သာ​မ​ပေး​နိုင်​သော​အ​ခြေ​ခံ​တ​ရား​ဘက်​သို့ အ​ဘယ်​ကြောင့် ပြန်​လှည့်​၍ ထို​အ​ခြေ​ခံ​တ​ရား​ထံ အ​သစ်​တစ်​ဖန် ပြန်​၍​ကျွန်​ခံ​လို​ကြ​သ​နည်း။

10. သင်​တို့​သည် နေ့​ရက်​များ၊ လ​များ၊ အ​ချိန်​အ​ခါ​များ​နှင့် နှစ်​တို့​ကို စောင့်​ထိန်း​ကြ​ပြီ​တ​ကား။

11. သင်​တို့​အ​တွက် ငါ​ကြိုး​စား​လုပ်​ဆောင်​ခဲ့​သော​အ​ရာ​သည် အ​ကြောင်း​တစ်​စုံ​တစ်​ခု​ကြောင့် အ​ချည်း​နှီး​ဖြစ်​ပြီ​လော​ဟု သင်​တို့​အ​တွက် ငါ​စိုး​ရိမ်​၏။

12. ညီ​အစ်​ကို​တို့၊ ငါ​ကဲ့​သို့​ဖြစ်​ကြ​ပါ​ဟု သင်​တို့​အား ငါ​တောင်း​ပန်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​သည်​လည်း သင်​တို့​ကဲ့​သို့​ဖြစ်​ခဲ့​၏။ သင်​တို့​သည် ငါ့​အ​ပေါ် မည်​သည့်​မ​တ​ရား​မှု​ကို​မျှ မ​ပြု​ခဲ့​ကြ​ပေ။

13. ပ​ထ​မ​အ​ကြိမ် သင်​တို့​အား ကောင်း​မြတ်​သော​သ​တင်း​ကို ငါ​ဟော​ပြော​ရ​ခြင်း​မှာ ကိုယ်​ကာ​ယ​နာ​မ​ကျန်း​သော​ကြောင့်​ဖြစ်​သည်​ကို သင်​တို့​သိ​ကြ​၏။

14. ထို​သို့ ငါ​၏​ကိုယ်​ကာ​ယ​အ​ခြေ​အ​နေ​သည် သင်​တို့​အ​တွက် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ဖြစ်​သော်​လည်း သင်​တို့​သည် ငါ့​ကို​မ​ထီ​မဲ့​မြင်​မ​ပြု၊ ရွံ​ရှာ​ခြင်း​လည်း​မ​ရှိ​ဘဲ ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​ကဲ့​သို့​လည်း​ကောင်း၊ ခ​ရစ်​တော်​ယေ​ရှု​ကဲ့​သို့​လည်း​ကောင်း ငါ့​ကို​လက်​ခံ​ကြ​၏။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 4