ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 2:5-18 Myanmar Standard Bible (MSB)

5. သို့​သော် ကောင်း​မြတ်​သော​သ​တင်း​၏​သမ္မာ​တ​ရား​သည် သင်​တို့​တွင် ဆက်​၍​တည်​နေ​မည့်​အ​ကြောင်း ငါ​တို့​သည် သူ​တို့​အား ခေတ္တ​ခ​ဏ​မျှ​ပင် မ​လိုက်​လျော​ခဲ့​ကြ​ပေ။

6. ထို​အ​ထင်​က​ရ​ဖြစ်​သော​သူ​တို့​သည် ယ​ခင်​က မည်​ကဲ့​သို့​သော​သူ​ဖြစ်​ပါ​စေ ငါ့​အ​တွက်​အ​ကြောင်း​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် လူ့​မျက်​နှာ​ကို​ထောက်​တော်​မ​မူ။ အ​မှန်​စင်​စစ် ထို​အ​ထင်​က​ရ​ဖြစ်​သော​သူ​တို့​သည် ငါ့​အ​ပေါ် မည်​သည့်​အ​ရာ​ကို​မျှ မ​ဖြည့်​စွက်​ခဲ့​ကြ​ပေ။

7. သို့​သော် ကောင်း​မြတ်​သော​သ​တင်း​ကို အ​ရေ​ဖျား​လှီး​ထား​သော​သူ​တို့​အ​တွက် ပေ​တ​ရု​၌​ယုံ​ကြည်​အပ်​နှံ​တော်​မူ​သ​ကဲ့​သို့ အ​ရေ​ဖျား​မ​လှီး​သော​သူ​တို့​အ​တွက် ငါ​၌​ယုံ​ကြည်​အပ်​နှံ​တော်​မူ​ကြောင်း​ကို သူ​တို့​တွေ့​မြင်​ကြ​၏။

8. အ​ကြောင်း​မူ​ကား အ​ရေ​ဖျား​လှီး​ထား​သော​သူ​တို့​၏​တ​မန်​တော်​ဖြစ်​စေ​ရန် ပေ​တ​ရု​အ​ထဲ​၌ စီ​မံ​လုပ်​ဆောင်​တော်​မူ​သော​အ​ရှင်​သည် လူ​မျိုး​ခြား​တို့​၏​တ​မန်​တော်​ဖြစ်​စေ​ရန် ငါ့​အ​ထဲ​၌​လည်း စီ​မံ​လုပ်​ဆောင်​တော်​မူ​၏။

9. ဤ​သို့​ဖြင့် မဏ္ဍိုင်​များ​ဖြစ်​သည်​ဟု မှတ်​ယူ​ခြင်း​ခံ​ရ​သော ယာ​ကုပ်၊ ကေ​ဖ​နှင့် ယော​ဟန်​တို့​သည် ငါ့​အား​ပေး​ထား​သော ကျေး​ဇူး​တော်​ကို​သိ​မြင်​၍ မိတ်​ဖွဲ့​ခြင်း​လက်​ယာ​လက်​ကို ငါ​နှင့်​ဗာ​န​ဗ​တို့​အား​ကမ်း​လျက် ငါ​တို့​သည် လူ​မျိုး​ခြား​ထံ​သို့​သွား​ရန်​နှင့် သူ​တို့​မူ​ကား အ​ရေ​ဖျား​လှီး​ထား​သော​သူ​ထံ​သို့​သွား​ရန် သ​ဘော​တူ​ကြ​၏။

10. သူ​တို့​၏​တစ်​ခု​တည်း​သော​မှာ​ကြား​ချက်​မှာ ဆင်း​ရဲ​သား​တို့​အား ငါ​တို့​သ​တိ​ရ​စေ​ရန်​ဖြစ်​၏။ ထို​အ​မှု​ကို​ပြု​ရန် ငါ​လည်း​ကြိုး​စား​အား​ထုတ်​လာ​ခဲ့​၏။

11. သို့​သော် အန္တိ​အုတ်​မြို့​သို့ ကေ​ဖ​ရောက်​လာ​သော​အ​ခါ သူ​၌​အ​ပြစ်​တင်​စ​ရာ​ရှိ​သော​ကြောင့် ငါ​သည် သူ့​ကို မျက်​နှာ​ချင်း​ဆိုင်​၍ ပိတ်​ပင်​တား​ဆီး​ရ​၏။

12. အ​ကြောင်း​မူ​ကား ယာ​ကုပ်​ထံ​မှ လူ​အ​ချို့​ရောက်​မ​လာ​မီ သူ​သည် လူ​မျိုး​ခြား​တို့​နှင့်​အ​တူ​စား​သောက်​၏။ သို့​သော် သူ​တို့​ရောက်​လာ​သော​အ​ခါ အ​ရေ​ဖျား​လှီး​ထား​သော​သူ​တို့​ကို​ကြောက်​သ​ဖြင့် တွန့်​ဆုတ်​၍ သီး​ခြား​နေ​လေ​၏။

13. ထို​အ​ခါ ကျန်​သော​ဂျူး​အ​မျိုး​သား​တို့​သည်​လည်း သူ​နှင့်​အ​တူ သူ​တော်​ကောင်း​ယောင်​ဆောင်​ကြ​သ​ဖြင့် ဗာ​န​ဗ​ပင်​လျှင် သူ​တို့​၏​သူ​တော်​ကောင်း​ယောင်​ဆောင်​ခြင်း​သို့ လိုက်​ပါ​သွား​ခဲ့​၏။

14. သို့​သော် သူ​တို့​သည် ကောင်း​မြတ်​သော​သ​တင်း​၏​သမ္မာ​တ​ရား​နှင့်​အ​ညီ ဖြောင့်​မတ်​စွာ​လျှောက်​လှမ်း​ခြင်း​မ​ရှိ​သည်​ကို ငါ​မြင်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​ရှေ့​၌ ကေ​ဖ​အား “ဂျူး​လူ​မျိုး​ဖြစ်​သော​သင်​သည် ဂျူး​လူ​မျိုး​ကဲ့​သို့​မ​နေ​ထိုင်​ဘဲ လူ​မျိုး​ခြား​ကဲ့​သို့​နေ​ထိုင်​သည်​ဆို​လျှင် လူ​မျိုး​ခြား​တို့​ကို ဂျူး​လူ​မျိုး​ကဲ့​သို့​နေ​ထိုင်​ရန် အ​ဘယ်​ကြောင့် အ​တင်း​အ​ကျပ်​စေ​ခိုင်း​သ​နည်း”​ဟု ငါ​ဆို​၏။

15. ငါ​တို့​သည် အ​ပြစ်​သား​လူ​မျိုး​ခြား​တို့​ထဲ​မှ​မ​ဟုတ်​ဘဲ ဇာ​တိ​အား​ဖြင့် ဂျူး​လူ​မျိုး​များ​ဖြစ်​ကြ​၏။

16. သို့​သော် လူ​သည် ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​ဘဲ ယေ​ရှု​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ကြောင်း သိ​ကြ​သ​ဖြင့် ငါ​တို့​သည် ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​ဘဲ ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ရန် ခ​ရစ်​တော်​ယေ​ရှု​ကို ယုံ​ကြည်​ကြ​၏။ အ​ကြောင်း​မူ​ကား ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော အ​ကျင့်​အား​ဖြင့် မည်​သူ​မျှ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

17. သို့​ရာ​တွင် ငါ​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ရန် ရှာ​ကြံ​နေ​ကြ​စဉ် ငါ​တို့​ကိုယ်​တိုင် အ​ပြစ်​သား​များ​ဖြစ်​ကြောင်း​တွေ့​ရှိ​ရ​သည်​ဆို​လျှင် ခ​ရစ်​တော်​သည် အ​ပြစ်​တ​ရား​၏​အ​မှု​ကို​ဆောင်​ရွက်​သူ​ဖြစ်​သ​လော။ လုံး​ဝ​မ​ဟုတ်​ပေ။

18. အ​ကြောင်း​မူ​ကား ငါ​သည် မိ​မိ​ဖြို​ဖျက်​ခဲ့​သော ထို​အ​ရာ​များ​ကို ပြန်​လည်​တည်​ဆောက်​လျှင် ကိုယ့်​ကိုယ်​ကိုယ် ပ​ညတ်​တ​ရား​ဖောက်​ဖျက်​ကျူး​လွန်​သူ​ဖြစ်​ကြောင်း ထင်​ရှား​စေ​ရာ​ရောက်​၏။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 2