1. ထို့နောက် တစ်ဆယ့်လေးနှစ်ကြာသောအခါ ငါသည် တိတုကိုခေါ်၍ ဗာနဗနှင့်အတူ ဂျေရုဆလင်မြို့သို့ တစ်ဖန်သွားခဲ့၏။
2. ဤသည်ကား ဗျာဒိတ်တော်အရသွားခြင်းဖြစ်၏။ ထိုအခါ ငါသည် လူမျိုးခြားတို့ထဲ၌ ငါဟောပြောသည့် ကောင်းမြတ်သောသတင်းကို သူတို့အားတင်ပြပြီး အထင်ကရဖြစ်သောသူတို့ကိုမူကား သီးသန့်တင်ပြခဲ့၏။ ထိုသို့တင်ပြခဲ့ခြင်းမှာ ငါကြိုးစားအားထုတ်နေသောအရာဖြစ်စေ၊ ကြိုးစားအားထုတ်ခဲ့သောအရာဖြစ်စေ အကြောင်းတစ်စုံတစ်ခုကြောင့် အချည်းနှီးမဖြစ်စေရန်ဖြစ်၏။
3. သို့ရာတွင် ငါနှင့်အတူပါလာသောတိတုသည် ဂရိလူမျိုးဖြစ်လျက်ပင် အရေဖျားလှီးခြင်းခံရန် အတင်းအကျပ်စေခိုင်းခြင်းကို မခံခဲ့ရပေ။
4. ဤသို့ဆိုရခြင်းမှာ လျှို့ဝှက်စွာဝင်လာသော ညီအစ်ကိုအတုအယောင်များရှိကြသောကြောင့်ဖြစ်၏။ ထိုသူတို့သည် ငါတို့ကို ကျွန်ခံစေလို၍ ခရစ်တော်ယေရှုအားဖြင့် ငါတို့ရရှိသော ငါတို့၏လွတ်လပ်ခြင်းကိုစုံစမ်းရန် ဝင်ရောက်လာကြ၏။
5. သို့သော် ကောင်းမြတ်သောသတင်း၏သမ္မာတရားသည် သင်တို့တွင် ဆက်၍တည်နေမည့်အကြောင်း ငါတို့သည် သူတို့အား ခေတ္တခဏမျှပင် မလိုက်လျောခဲ့ကြပေ။