ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 2:1-4 Myanmar Standard Bible (MSB)

1. ထို့​နောက် တစ်​ဆယ့်​လေး​နှစ်​ကြာ​သော​အ​ခါ ငါ​သည် တိ​တု​ကို​ခေါ်​၍ ဗာ​န​ဗ​နှင့်​အ​တူ ဂျေ​ရု​ဆ​လင်​မြို့​သို့ တစ်​ဖန်​သွား​ခဲ့​၏။

2. ဤ​သည်​ကား ဗျာ​ဒိတ်​တော်​အ​ရ​သွား​ခြင်း​ဖြစ်​၏။ ထို​အ​ခါ ငါ​သည် လူ​မျိုး​ခြား​တို့​ထဲ​၌ ငါ​ဟော​ပြော​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို သူ​တို့​အား​တင်​ပြ​ပြီး အ​ထင်​က​ရ​ဖြစ်​သော​သူ​တို့​ကို​မူ​ကား သီး​သန့်​တင်​ပြ​ခဲ့​၏။ ထို​သို့​တင်​ပြ​ခဲ့​ခြင်း​မှာ ငါ​ကြိုး​စား​အား​ထုတ်​နေ​သော​အ​ရာ​ဖြစ်​စေ၊ ကြိုး​စား​အား​ထုတ်​ခဲ့​သော​အ​ရာ​ဖြစ်​စေ အ​ကြောင်း​တစ်​စုံ​တစ်​ခု​ကြောင့် အ​ချည်း​နှီး​မ​ဖြစ်​စေ​ရန်​ဖြစ်​၏။

3. သို့​ရာ​တွင် ငါ​နှင့်​အ​တူ​ပါ​လာ​သော​တိ​တု​သည် ဂ​ရိ​လူ​မျိုး​ဖြစ်​လျက်​ပင် အ​ရေ​ဖျား​လှီး​ခြင်း​ခံ​ရန် အ​တင်း​အ​ကျပ်​စေ​ခိုင်း​ခြင်း​ကို မ​ခံ​ခဲ့​ရ​ပေ။

4. ဤ​သို့​ဆို​ရ​ခြင်း​မှာ လျှို့​ဝှက်​စွာ​ဝင်​လာ​သော ညီ​အစ်​ကို​အ​တု​အ​ယောင်​များ​ရှိ​ကြ​သော​ကြောင့်​ဖြစ်​၏။ ထို​သူ​တို့​သည် ငါ​တို့​ကို ကျွန်​ခံ​စေ​လို​၍ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ငါ​တို့​ရ​ရှိ​သော ငါ​တို့​၏​လွတ်​လပ်​ခြင်း​ကို​စုံ​စမ်း​ရန် ဝင်​ရောက်​လာ​ကြ​၏။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 2