ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 1:14-16 Myanmar Standard Bible (MSB)

14. ငါ​တို့​သည် ထို​သား​တော်​အား​ဖြင့် ရွေး​နုတ်​ခြင်း​တည်း​ဟူ​သော အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ကို ရ​ရှိ​ကြ​၏။

15. သား​တော်​သည် မ​မြင်​ရ​သော​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​ဖြစ်​ပြီး ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​အား​လုံး​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ​၏။

16. အ​ကြောင်း​မူ​ကား ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း ရှိ​သ​မျှ​သော​မြင်​ရ​သည့်​အ​ရာ​နှင့်​မ​မြင်​ရ​သည့်​အ​ရာ​များ၊ ရာ​ဇ​ပလ္လင်​များ​ဖြစ်​စေ၊ စိုး​ပိုင်​ခွင့်​များ​ဖြစ်​စေ၊ အုပ်​ချုပ်​မှု​များ​ဖြစ်​စေ၊ အာ​ဏာ​စက်​များ​ဖြစ်​စေ သား​တော်​အား​ဖြင့် ဖန်​ဆင်း​ခြင်း​ခံ​ရ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သား​တော်​အား​ဖြင့်​လည်း​ကောင်း၊ သား​တော်​အ​တွက်​လည်း​ကောင်း ဖန်​ဆင်း​ခြင်း​ခံ​ရ​၏။

ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 1