ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 1:10-13 Myanmar Standard Bible (MSB)

10. ကောင်း​သော​အ​မှု​အ​မျိုး​မျိုး​တည်း​ဟူ​သော အ​သီး​ကို​သီး​ကာ ဘု​ရား​သ​ခင်​ကို​သိ​သော​ဉာဏ်​၌​ကြီး​ထွား​သ​ဖြင့် အ​ရာ​ရာ​၌ သ​ခင်​ဘု​ရား​ကို​နှစ်​သက်​စေ​၍ ကိုယ်​တော်​နှင့်​ထိုက်​တန်​စွာ အ​သက်​ရှင်​လျှောက်​လှမ်း​နိုင်​မည့်​အ​ကြောင်း တောင်း​လျှောက်​ကြ​၏။

11. ထို့​ပြင် သင်​တို့​သည် ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော တန်​ခိုး​အ​ရှိန်​အ​ဝါ​နှင့်​အ​ညီ တန်​ခိုး​တော်​ရှိ​သ​မျှ​တို့​ဖြင့် အား​ဖြည့်​ခြင်း​ကို​ခံ​ရ​လျက် သည်း​ခံ​ခြင်း​နှင့်​စိတ်​ရှည်​ခြင်း​အ​ပြည့်​အ​ဝ​ရှိ​သ​ဖြင့်

12. သင်​တို့​ကို အ​လင်း​ထဲ​၌​ရှိ​သော သန့်​ရှင်း​သူ​များ​၏​ဝေ​စု​၌​ပါ​ဝင်​ရန် ထိုက်​တန်​သူ​ဖြစ်​စေ​တော်​မူ​သော​ခ​မည်း​တော်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ကျေး​ဇူး​တင်​ကြ​မည့်​အ​ကြောင်း တောင်း​လျှောက်​ကြ​၏။

13. ခ​မည်း​တော်​သည် ငါ​တို့​ကို မှောင်​မိုက်​ခြင်း​၏​အာ​ဏာ​စက်​မှ ကယ်​နုတ်​၍ မိ​မိ​ချစ်​တော်​မူ​သော သား​တော်​၏​နိုင်​ငံ​တော်​ထဲ​သို့ ရွှေ့​ပြောင်း​ပို့​ဆောင်​တော်​မူ​၏။

ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 1