ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 9:21-24 Myanmar Standard Bible (MSB)

21. ငါ​သည် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​နှင့် ကင်း​ဝေး​သော​သူ​မ​ဟုတ်​ဘဲ ခ​ရစ်​တော်​၏​ပ​ညတ်​တ​ရား​အောက်​၌​ရှိ​သော်​လည်း ပ​ညတ်​တ​ရား​နှင့်​ကင်း​ဝေး​သော​သူ​တို့​ကို​ရ​ရှိ​နိုင်​ရန် ပ​ညတ်​တ​ရား​နှင့်​ကင်း​ဝေး​သော​သူ​တို့​တွင် ပ​ညတ်​တ​ရား​နှင့်​ကင်း​ဝေး​သော​သူ​ကဲ့​သို့​ဖြစ်​၏။

22. အား​နည်း​သော​သူ​တို့​ကို​ရ​ရှိ​နိုင်​ရန် အား​နည်း​သော​သူ​တို့​တွင် အား​နည်း​သော​သူ​ဖြစ်​၏။ လူ​အ​ချို့​တို့​ကို တစ်​နည်း​နည်း​ဖြင့် ကယ်​တင်​နိုင်​ရန် လူ​အ​မျိုး​မျိုး​တို့​တွင် အ​မျိုး​မျိုး​ဖြစ်​ခဲ့​၏။

23. ငါ​သည် ကောင်း​မြတ်​သော​သ​တင်း​၏​အ​ကျိုး​ကျေး​ဇူး​ကို မျှ​ဝေ​ခံ​စား​သူ​ဖြစ်​ရန် အ​မှု​ခပ်​သိမ်း​တို့​ကို ထို​သ​တင်း​အ​တွက် ဆောင်​ရွက်​၏။

24. အား​က​စား​ကွင်း​ထဲ​၌ အ​ပြေး​ပြိုင်​သော​သူ​တို့​သည် အား​လုံး​ပြေး​ကြ​သည်​မှန်​သော်​လည်း တစ်​ဦး​တည်း​သာ ဆု​ရ​ရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သ​လော။ ထို့​ကြောင့် သင်​တို့​သည် ဆု​ရ​ရှိ​မည့်​အ​ကြောင်း ပြေး​ကြ​လော့။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 9