ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 6:18-20 Myanmar Standard Bible (MSB)

18. တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​ကို ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အ​ခြား​အ​ပြစ်​အား​လုံး​သည် ကိုယ်​ခန္ဓာ​ပြင်​ပ​၌​ဖြစ်​၏။ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သော​သူ​မူ​ကား မိ​မိ​ကိုယ်​ခန္ဓာ​ကို​ပြစ်​မှား​၏။

19. သင်​တို့​၏​ကိုယ်​ခန္ဓာ​သည် ဘု​ရား​သ​ခင်​ထံ​မှ သင်​တို့​ရ​ရှိ​ထား​သော သင်​တို့​အ​ထဲ​၌​တည်​နေ​သည့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​ဗိ​မာန်​တော်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ကိုယ်​သင်​တို့​မ​ပိုင်​ကြောင်း​ကို​လည်း​ကောင်း သင်​တို့​မ​သိ​ကြ​သ​လော။

20. သင်​တို့​ကို အ​ဖိုး​အ​ခ​ပေး​၍ ဝယ်​ယူ​ထား​တော်​မူ​၏။ ထို့​ကြောင့် သင်​တို့​၏​ကိုယ်​ခန္ဓာ​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​ကြ​လော့။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 6