6. သင်တို့၏ဝါကြွားခြင်းသည် ကောင်းသည်မဟုတ်။ အနည်းငယ်သောတဆေးသည် မုန့်ညက်တစ်ပုံလုံးကို ဖောင်းပွစေတတ်သည်ကို သင်တို့မသိကြသလော။
7. သင်တို့သည် တဆေးမဲ့ဖြစ်ကြသည်နှင့်အညီ အသစ်သောမုန့်ညက်ဖြစ်နိုင်ရန် တဆေးဟောင်းကိုဖယ်ရှားကြလော့။ အကြောင်းမူကား ငါတို့၏ပသခါပွဲတော်အတွက် သိုးသငယ်တည်းဟူသောခရစ်တော်သည် အသေသတ်ခြင်းကိုခံခဲ့ရလေပြီ။
8. ထို့ကြောင့် ငါတို့သည် တဆေးဟောင်းတည်းဟူသော ဆိုးညစ်ခြင်းနှင့်မလိုတမာဖြစ်ခြင်းတို့၏တဆေးပါသောမုန့်အားဖြင့်မဟုတ်ဘဲ ဖြူစင်ခြင်းနှင့်သမ္မာတရားတည်းဟူသော တဆေးမဲ့မုန့်အားဖြင့် ပွဲတော်ကိုကျင်းပကြကုန်စို့။