10. သို့ရာတွင် ဤလောကရှိ တရားနှင့်မညီမေထုန်ပြုသူများ၊ လောဘလွန်ကျူး၍ လိမ်လည်လုယူသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လုံးဝအပေါင်းအဖော်မပြုရဟု ငါဆိုလိုသည်မဟုတ်။ ထိုသို့ဆိုလျှင် သင်တို့သည် ဤလောကမှ ထွက်ခွာသွားရန်သာရှိတော့၏။
11. သို့သော် အမှန်အားဖြင့် သင်တို့ထံ ငါရေးခဲ့သည်မှာ ညီအစ်ကိုဟုခေါ်ဝေါ်ခြင်းခံရသူတစ်စုံတစ်ဦးသည် တရားနှင့်မညီမေထုန်ပြုသူ၊ လောဘလွန်ကျူးသူ၊ ရုပ်တုကိုးကွယ်သူ၊ ဝေဖန်ပုတ်ခတ်သူ၊ သောက်စားမူးယစ်သူ၊ လိမ်လည်လုယူသူဖြစ်လျှင် ထိုကဲ့သို့သောသူနှင့် အပေါင်းအဖော်မပြုကြနှင့်။ သူနှင့်အတူစားသောက်ခြင်းပင် မပြုကြနှင့်ဟူ၍ဖြစ်၏။
12. အကြောင်းမူကား အပြင်လူတို့ကိုစီရင်ခြင်းသည် ငါနှင့်မည်သို့ဆိုင်သနည်း။ အတွင်းလူတို့ကို သင်တို့စီရင်ရမည်မဟုတ်လော။
13. အပြင်လူတို့ကိုမူကား ဘုရားသခင်စီရင်တော်မူလိမ့်မည်။ ထိုဆိုးညစ်သောသူကို သင်တို့အထဲမှ ဖယ်ရှားကြလော့။