ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:19-22 Myanmar Standard Bible (MSB)

19. ငါ​တို့​သည် ခ​ရစ်​တော်​၌ ယ​ခု​ဘ​ဝ​အ​တွက်​သာ မျှော်​လင့်​စ​ရာ​ရှိ​ခဲ့​လျှင် လူ​အ​ပေါင်း​တို့​ထက် ပို​၍​သ​နား​စ​ရာ​ကောင်း​သော​သူ​ဖြစ်​ပေ​လိမ့်​မည်။

20. ယ​ခု​မူ​ကား ခ​ရစ်​တော်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​၍ အိပ်​ပျော်​သော​သူ​တို့​တွင် အ​သီး​ဦး​ဖြစ်​တော်​မူ​ပြီ။

21. အ​ဘယ်​ကြောင့်​ဆို​သော် သေ​ခြင်း​သည် လူ​တစ်​ဦး​အား​ဖြင့် ဖြစ်​လာ​သ​ကဲ့​သို့ သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​သည်​လည်း လူ​တစ်​ဦး​အား​ဖြင့် ဖြစ်​လာ​၏။

22. အ​ကြောင်း​မူ​ကား လူ​အ​ပေါင်း​တို့​သည် အာ​ဒံ​အား​ဖြင့် သေ​ဆုံး​ရ​ကြ​သည့်​နည်း​တူ လူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​စေ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15