16. အကြောင်းမူကား သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင် ခရစ်တော်သည်လည်း ထမြောက်တော်မူခဲ့မည်မဟုတ်။
17. ခရစ်တော်သည် ထမြောက်တော်မမူခဲ့လျှင် သင်တို့၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်၍ သင်တို့သည် မိမိတို့အပြစ်များထဲ၌ရှိနေကြသေး၏။
18. သို့ဖြစ်လျှင် ခရစ်တော်၌ အိပ်ပျော်သောသူတို့သည်လည်း ပျက်စီးကြလေပြီ။
19. ငါတို့သည် ခရစ်တော်၌ ယခုဘဝအတွက်သာ မျှော်လင့်စရာရှိခဲ့လျှင် လူအပေါင်းတို့ထက် ပို၍သနားစရာကောင်းသောသူဖြစ်ပေလိမ့်မည်။
20. ယခုမူကား ခရစ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့တွင် အသီးဦးဖြစ်တော်မူပြီ။
21. အဘယ်ကြောင့်ဆိုသော် သေခြင်းသည် လူတစ်ဦးအားဖြင့် ဖြစ်လာသကဲ့သို့ သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းသည်လည်း လူတစ်ဦးအားဖြင့် ဖြစ်လာ၏။