ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:13-15 Myanmar Standard Bible (MSB)

13. သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​လျှင် ခ​ရစ်​တော်​သည်​လည်း ထ​မြောက်​တော်​မူ​ခဲ့​မည်​မ​ဟုတ်။

14. ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​ခဲ့​လျှင် ငါ​တို့​၏​ဟော​ပြော​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​ပြီး သင်​တို့​၏​ယုံ​ကြည်​ခြင်း​သည်​လည်း အ​ချည်း​နှီး​ဖြစ်​၏။

15. ထို​မျှ​မ​က ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​ပတ်​သက်​၍ မ​မှန်​သော​သက်​သေ​ထွက်​ဆို​သော​သူ​များ ဖြစ်​သွား​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သေ​လွန်​သော​သူ​တို့​ကို ထ​မြောက်​စေ​တော်​မ​မူ​လျှင် ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မ​မူ​သော​ခ​ရစ်​တော်​ကို ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု ငါ​တို့​သက်​သေ​ခံ​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15