ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 11:8-14 Myanmar Standard Bible (MSB)

8. အ​ကြောင်း​မူ​ကား ယောက်ျား​သည် မိန်း​မ​ထံ​မှ​ဖြစ်​လာ​သည်​မ​ဟုတ်။ မိန်း​မ​သည် ယောက်ျား​ထံ​မှ​ဖြစ်​လာ​၏။

9. ထို့​အ​တူ ယောက်ျား​ကို မိန်း​မ​အ​တွက်​ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်။ မိန်း​မ​ကို ယောက်ျား​အ​တွက်​ဖန်​ဆင်း​တော်​မူ​၏။

10. ထို့​ကြောင့် မိန်း​မ​သည် ကောင်း​ကင်​တ​မန်​တို့​ကို​ထောက်​၍ အ​ခွင့်​အာ​ဏာ​၏​လက္ခ​ဏာ​ကို မိ​မိ​ဦး​ခေါင်း​ပေါ်​၌ ရှိ​စေ​သင့်​၏။

11. သို့​သော် သ​ခင်​ဘု​ရား​၌ မိန်း​မ​သည် ယောက်ျား​မ​ပါ​ဘဲ​ဖြစ်​သည်​မ​ဟုတ်။ ယောက်ျား​သည်​လည်း မိန်း​မ​မ​ပါ​ဘဲ​ဖြစ်​သည်​မ​ဟုတ်။

12. အ​ကြောင်း​မူ​ကား မိန်း​မ​သည် ယောက်ျား​ထံ​မှ​ဖြစ်​လာ​သ​ကဲ့​သို့ ယောက်ျား​သည်​လည်း မိန်း​မ​အား​ဖြင့်​မွေး​ဖွား​လာ​၏။ သို့​သော် အ​ရာ​ခပ်​သိမ်း​တို့​သည် ဘု​ရား​သ​ခင်​ထံ​မှ​ဖြစ်​၏။

13. မိန်း​မ​သည် ဦး​ခေါင်း​မ​ဖုံး​ဘဲ ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ခြင်း​သည် သင့်​လျော်​မှု​ရှိ​မ​ရှိ သင်​တို့​ကိုယ်​တိုင်​ဆင်​ခြင်​သုံး​သပ်​ကြ​လော့။

14. ယောက်ျား​သည် ဆံ​ပင်​ရှည်​ထား​လျှင် သူ့​အ​တွက်​ရှက်​ဖွယ်​ဖြစ်​ကြောင်း သ​ဘာ​ဝ​တ​ရား​ကိုယ်​၌​က သင်​တို့​ကို​သွန်​သင်​သည်​မ​ဟုတ်​လော။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 11