19. သို့ဖြစ်လျှင် ရုပ်တုအားပူဇော်ထားသောအရာသည် အရေးပါသောအရာဖြစ်သည် သို့မဟုတ် ရုပ်တုသည် အရေးပါသောအရာဖြစ်သည်ဟု ငါဆိုလိုသလော။
20. ထိုသို့မဆိုလို။ သူတို့ပူဇော်သောအရာများသည် ဘုရားသခင်ထံပူဇော်ခြင်းမဟုတ်ဘဲ နတ်ဆိုးများထံပူဇော်ကြခြင်းဖြစ်၏။ ငါသည် သင်တို့ကို နတ်ဆိုးတို့နှင့် စပ်ဆိုင်သောသူမဖြစ်စေလိုပါ။
21. သင်တို့သည် သခင်ဘုရား၏ခွက်ကိုသောက်လျှင် နတ်ဆိုးတို့၏ခွက်ကို သောက်၍မရနိုင်။ သခင်ဘုရား၏စားပွဲကို မျှဝေခံယူလျှင် နတ်ဆိုးတို့၏စားပွဲကို မျှဝေခံယူ၍မရနိုင်။
22. ငါတို့သည် သခင်ဘုရားအား သဝန်တိုစေကြသလော။ ငါတို့သည် ကိုယ်တော်ထက် ခွန်အားကြီးကြသလော။