25. အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏မိုက်မဲခြင်းသည် လူတို့၏ပညာရှိခြင်းထက် ပညာရှိ၏။ ဘုရားသခင်၏အားနည်းခြင်းသည် လူတို့ထက် ခွန်အားကြီး၏။
26. ညီအစ်ကိုတို့၊ သင်တို့ခေါ်ယူတော်မူခြင်းခံရစဉ်ကအကြောင်းကို ဆင်ခြင်ကြလော့။ လူ့အမြင်အရ သင်တို့တွင် ပညာရှိများစွာမပါ။ အစွမ်းထက်သောသူများစွာမပါ။ မြင့်မြတ်သောသူများစွာမပါ။
27. သို့သော် ဘုရားသခင်သည် ပညာရှိတို့ကိုအရှက်ရစေရန် လောကရှိ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ ခွန်အားကြီးသောသူတို့ကိုအရှက်ရစေရန် လောကရှိ အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏။
28. ထို့ပြင် အရေးပါသောသူတို့ကိုပယ်ဖျက်ရန် အရေးမပါသောသူများဖြစ်ကြသည့် လောကရှိ အဆင့်အတန်းနိမ့်သောသူများနှင့် မထီမဲ့မြင်ပြုခြင်းခံရသောသူများကို ဘုရားသခင်ရွေးကောက်တော်မူ၏။
29. ထို့ကြောင့် ဘုရားသခင်ရှေ့တော်၌ မည်သူမျှ ဝါကြွားစရာအကြောင်းမရှိ။