ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 8:9-14 Myanmar Standard Bible (MSB)

9. အ​ကြောင်း​မူ​ကား သင်​တို့​သည် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​ကို​သိ​ကြ​၏။ ကိုယ်​တော်​သည် ကြွယ်​ဝ​သော်​လည်း သူ​၏​ဆင်း​ရဲ​ခြင်း​အား​ဖြင့် သင်​တို့​ကြွယ်​ဝ​ကြ​မည့်​အ​ကြောင်း သင်​တို့​အ​တွက် ဆင်း​ရဲ​ခြင်း​ကို​ခံ​တော်​မူ​၏။

10. ဤ​ကျေး​ဇူး​ပြု​ခြင်း​အ​မှု​နှင့်​ပတ်​သက်​၍ အ​ကြံ​တစ်​ခု​ကို ငါ​ပေး​မည်။ ဤ​အ​ကြံ​ကား လွန်​ခဲ့​သော​နှစ်​က​တည်း​က ဤ​အ​မှု​ကို အ​စ​ပြု​ခဲ့​သည်​သာ​မ​က ပြု​လုပ်​ရန်​လည်း ဆန္ဒ​ရှိ​ကြ​သော​သင်​တို့​အ​တွက် အ​ကျိုး​ရှိ​၏။

11. သင်​တို့​သည် ဆောင်​ရွက်​လို​သည့်​စေ​တ​နာ​စိတ်​ရှိ​သည့်​အ​တိုင်း ရှိ​သည့်​အ​ရာ​ဖြင့် ပြီး​စီး​အောင်​ဆောင်​ရွက်​နိုင်​ရန် ယ​ခု ထို​အ​မှု​ကို​ပြီး​စီး​အောင် ဆောင်​ရွက်​ကြ​လော့။

12. အ​ကြောင်း​မူ​ကား စေ​တ​နာ​စိတ်​ရှိ​လျှင် မ​ရှိ​သည့်​အ​ရာ​ကို​မ​ထောက်​ဘဲ ရှိ​သည့်​အ​ရာ​ကို​ထောက်​၍ နှစ်​သက်​လက်​ခံ​တော်​မူ​၏။

13. ဤ​အ​မှု​အ​ရာ​အား​ဖြင့် အ​ခြား​သူ​တို့​ကို​သက်​သာ​စေ​၍ သင်​တို့​ကို​ဒုက္ခ​ရောက်​စေ​ရန်​မ​ဟုတ်။ ညီ​တူ​ညီ​မျှ​ဖြစ်​စေ​ရန်​သာ​ဖြစ်​၏။

14. ယ​ခု​အ​ချိန်​တွင် သင်​တို့​၏​ကြွယ်​ဝ​မှု​သည် သူ​တို့​၏​လို​အပ်​မှု​ကို ဖြည့်​ဆည်း​ပေး​လျှင် သူ​တို့​၏​ကြွယ်​ဝ​မှု​သည်​လည်း သင်​တို့​၏​လို​အပ်​မှု​ကို ဖြည့်​ဆည်း​ပေး​ကြ​လိမ့်​မည်။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 8