ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 8:19-23 Myanmar Standard Bible (MSB)

19. သ​ခင်​ဘု​ရား​ကိုယ်​တော်​တိုင်​၏​ဘုန်း​တော်​နှင့် ငါ​တို့​၏​စေ​တ​နာ​စိတ်​တို့​ကို​ထင်​ရှား​စေ​ရန် ငါ​တို့​ပြု​စု​နေ​သော ဤ​ကျေး​ဇူး​ပြု​ခြင်း​အ​မှု​၌ ငါ​တို့​နှင့်​အ​တူ​လိုက်​ပါ​ရန် အ​သင်း​တော်​များ​ထံ​မှ ခန့်​ထား​ခြင်း​ခံ​ရ​သူ​လည်း​ဖြစ်​၏။

20. ငါ​တို့​ပြု​စု​နေ​သည့် ဤ​ရက်​ရော​စွာ​ပေး​လှူ​ခြင်း​အ​မှု​နှင့်​ပတ်​သက်​၍ မည်​သူ​မျှ ငါ​တို့​ကို ပြစ်​တင်​ဝေ​ဖန်​ခြင်း​မ​ပြု​နိုင်​ရန် ငါ​တို့​သ​တိ​ပြု​ကြ​၏။

21. အ​ကြောင်း​မူ​ကား ငါ​တို့​သည် သ​ခင်​ဘု​ရား​ရှေ့​တော်​၌​သာ​မ​က လူ​တို့​ရှေ့​၌​လည်း တင့်​တယ်​လျောက်​ပတ်​သော​အ​မှု​ကို ပြု​မူ​ကျင့်​ကြံ​ကြ​၏။

22. ထို​သူ​တို့​နှင့်​အ​တူ ငါ​တို့​၏​အ​ခြား​ညီ​အစ်​ကို​တစ်​ဦး​ကို​လည်း စေ​လွှတ်​လိုက်​ပါ​၏။ ငါ​တို့​သည် သူ့​ကို အ​ကြိမ်​ကြိမ်​စစ်​ဆေး​ပြီး သူ​သည် အ​ကြောင်း​ကိစ္စ​များ​စွာ​တို့​၌ စိတ်​အား​ထက်​သန်​သူ​ဖြစ်​ကြောင်း တွေ့​ရှိ​ရ​၏။ သူ​သည် သင်​တို့​အ​ပေါ် ယုံ​ကြည်​စိတ်​ချ​မှု​အ​ပြည့်​အ​ဝ​ရှိ​သော​ကြောင့် ယ​ခု ပို​၍​ပင်​စိတ်​အား​ထက်​သန်​လျက်​ရှိ​၏။

23. တိ​တု​နှင့်​ပတ်​သက်​၍​ပြော​ရ​လျှင် သူ​သည် ငါ​၏​အ​ပေါင်း​အ​ဖော်​ဖြစ်​ပြီး သင်​တို့​အ​တွက် ငါ​နှင့်​အ​တူ​လုပ်​ဆောင်​သော​သူ​ဖြစ်​၏။ ငါ​တို့​၏​အ​ခြား​ညီ​အစ်​ကို​တို့​နှင့်​ပတ်​သက်​၍​ပြော​ရ​လျှင် သူ​တို့​သည် ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​တည်း​ဟူ​သော အ​သင်း​တော်​များ​၏​စေ​တ​မန်​ဖြစ်​ကြ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 8