ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 6:6-11 Myanmar Standard Bible (MSB)

6. ဖြူ​စင်​ခြင်း​၌​ဖြစ်​စေ၊ အ​သိ​ပ​ညာ​၌​ဖြစ်​စေ၊ စိတ်​ရှည်​ခြင်း​၌​ဖြစ်​စေ၊ ကျေး​ဇူး​ပြု​ခြင်း​၌​ဖြစ်​စေ၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၌​ဖြစ်​စေ၊ ဟန်​ဆောင်​မှု​ကင်း​သော​မေတ္တာ​၌​ဖြစ်​စေ၊

7. သမ္မာ​တ​ရား​ကို​ဟော​ပြော​ခြင်း​၌​ဖြစ်​စေ၊ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​၌​ဖြစ်​စေ၊ လက်​ဝဲ​လက်​ယာ​၌​ကိုင်​ထား​သော ဖြောင့်​မတ်​ခြင်း​၏​လက်​နက်​များ​အား​ဖြင့်​ဖြစ်​စေ၊

8. အ​သ​ရေ​ရှိ​သည်​ဖြစ်​စေ၊ မ​ရှိ​သည်​ဖြစ်​စေ၊ ဂုဏ်​သ​တင်း​ကောင်း​သည်​ဖြစ်​စေ၊ မ​ကောင်း​သည်​ဖြစ်​စေ၊ အ​ရာ​ရာ​၌ မိ​မိ​တို့​ကိုယ်​ကို​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​များ​အ​ဖြစ် ထင်​ရှား​စေ​ကြ​၏။ ငါ​တို့​သည် လှည့်​ဖြား​သော​သူ​ကဲ့​သို့​ဖြစ်​သော်​လည်း ဖြောင့်​မှန်​သော​သူ​ဖြစ်​ကြ​၏။

9. အ​သိ​အ​မှတ်​ပြု​ခြင်း​မ​ခံ​ရ​သ​ကဲ့​သို့​ဖြစ်​သော်​လည်း အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ကြ​၏။ သေ​အံ့​ဆဲ​ဆဲ​ဖြစ်​နေ​သူ​ကဲ့​သို့​ဖြစ်​သော်​လည်း အ​သက်​ရှင်​လျက်​ရှိ​ကြ​၏။ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​သူ​ကဲ့​သို့​ဖြစ်​သော်​လည်း အ​သတ်​မ​ခံ​ရ​ကြ။

10. ဝမ်း​နည်း​သော​သူ​ကဲ့​သို့​ဖြစ်​သော်​လည်း အ​စဉ်​ဝမ်း​မြောက်​လျက်​ရှိ​ကြ​၏။ ဆင်း​ရဲ​သော​သူ​ကဲ့​သို့​ဖြစ်​သော်​လည်း များ​စွာ​သော​သူ​တို့​ကို ကြွယ်​ဝ​ပြည့်​စုံ​စေ​ကြ​၏။ မည်​သည့်​အ​ရာ​မျှ​မ​ရှိ​သော​သူ​ကဲ့​သို့​ဖြစ်​သော်​လည်း အ​လုံး​စုံ​ကို​ပိုင်​ဆိုင်​ကြ​၏။

11. ကော​ရိန္သု​မြို့​သား​တို့၊ ငါ​တို့​သည် သင်​တို့​အား ပွင့်​ပွင့်​လင်း​လင်း​ပြော​ဆို​၍ ငါ​တို့​၏​စိတ်​နှ​လုံး​ကို ကျယ်​စွာ​ဖွင့်​ထား​လေ​ပြီ။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 6