15. ခရစ်တော်နှင့်ဗေလျာလတို့အကြား၌ မည်သို့သောကိုက်ညီမှုရှိသနည်း။ ယုံကြည်သူနှင့်မယုံကြည်သူတို့အကြား၌ မည်သို့သောအကျိုးတူခံစားမှုရှိသနည်း။
16. ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။
17. “ထို့ကြောင့် ထိုသူတို့အထဲမှ ထွက်၍ သီးခြားနေကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “ညစ်ညူးသောအရာကို မတို့မထိနှင့်။ ထိုသို့ပြုလျှင် ငါသည် သင်တို့ကိုလက်ခံ၍
18. သင်တို့၏အဖဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီးများဖြစ်ကြလိမ့်မည်”ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရဘုရားမိန့်တော်မူ၏။