11. နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းသို့ရောက်ကြလော့။ နှစ်သိမ့်ခြင်းကို ခံစားကြလော့။ တစ်စိတ်တစ်သဘောတည်းရှိ၍ သင့်မြတ်စွာနေကြလော့။ ချစ်ခြင်းမေတ္တာနှင့်ငြိမ်သက်ခြင်းတို့၏ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
12. အချင်းချင်းသန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။ သန့်ရှင်းသူအပေါင်းတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
13. သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်၊ ဘုရားသခင်၏မေတ္တာတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏မိတ်သဟာယဖွဲ့ခြင်းတို့သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။